close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လုံခြုံရေးတိုးချထားချိန် ပြင်ဦးလွင်မှာ ​ဆိုင်ကယ်လုယက်မှုတွေ ဆက်တိုက်ဖြစ်​နေ

ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ရှိန်း/People’s Spring

စစ်တပ်က လုံခြုံရေးတိုးချထားချိန် ပြင်ဦးလွင်မြို့မှာ ​နေ့ခင်းကြောင်တောင် ဆိုင်ကယ်လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်​နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပန်းပွဲတော်နဲ့ နှစ်သစ်ကူးညတွေအတွက် စစ်တပ်က အရပ်ဝတ်လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေချထားချိန်မှာ ဆိုင်ကယ်လုယက်ခံရမှုတွေဖြစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

“မေမြို့မှာတခါမှအလုခံရတယ်လို့ မကြားဖူးဘူး။အခုတလော ဓားထောက်လုတာနေ့ခင်းကြောင်တောင်နော်။ရဲလိုက်ကြတာ”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့တစ်ပတ်ခန့်က ရပ်ကွက်ကြီး (၆)က အမျိုးသမီးတစ်ဦးနေအိမ်အနီးမှာတင် ဓားထောက်ပြီးကလစ်ဘိမ်းဆိုင်ကယ်လုယက်ခံခဲ့ရသလို မနေ့ကလည်း ရပ်ကွက်ကြီး (၁၀)မှာ အမျိုးသားတစ်ဦးကိုလူ ၆ယောက်က ဆိုင်ကယ် စကူဖီ(Scoopyi)ဆိုင်ကယ်တစ်စီးကို ရိုက်လုသွားတာလို့ သိရပါတယ်။

ဒီဇင်ဘာ ဒုတိယပတ်ကစတင်ပြီး ပြင်ဦးလွင်မြို့ကို စစ်တပ်က အရေးပေါ်လုံခြုံရေးချထားတာတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

စ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ နှစ်သစ်ကူးကာလအတွင်း တော်လှန်ရေးရဲဘော်တွေ စိမ့်ဝင်လာပြီး ဖောက်ခွဲမှုတွေလုပ်မှာစိုးရိမ်လို့ဆိုပြီး ညလုံးပေါက် အရပ်ဝတ်နဲ့လုံခြုံရေးတွေချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အုပ်စိုးထားတဲ့ မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့တပတ်အတွင်း ရိုက်နှက်မှုနဲ့ ဆိုင်ကယ်လုယက်မှုတွေဖြစ်ပြီးတဲ့နောက် တပ်အရာရှိတွေကို နေရာအနှံ့မှာ အရပ်ဝတ်နဲ့လုံခြုံရေးတွေချထားတာလို့ မြို့ခံတွေဆီက သိရပါတယ်။

ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီကနေ တော်လှန်ရေးတပ်တွေ မြို့ထဲကို စိမ့်ဝင်လာမှာစိုးရိမ်လို့ လုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နဲ့ (၁၆)မိုင်ခန့်သာဝေးတဲ့ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ကလည်း မလှိုင်မြို့နယ်တွင်း ညအချိန် နေအိမ်များပေါ်အထိဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများအား ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကောလင်းမြို့ဟာ တော်လှန်ရေးတပ်တွေပထမဆုံးသိမ်းယူခဲ့တဲ့ မြို့ဖြစ်ပြီး ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလမှာပဲ စစ်ကောင်စီတပ်ကပြန်လည် သိမ်းယူထားတာပါ။

သတင်း

ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။