close
Connect with us

Hi, what are you looking for?

သတင်း

လူသတ်ကားလုပြေးသူများအားလိုက်ဖမ်းရာ ကားထား၍ထွက်ပြေးသွားဟု မုံရွာပလဖ ပြော

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာ၌ လက်နက်ကိုင်လူငယ်အချို့ကအမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကားအား ယူဆောင်သွားခဲ့သည်။

(လုယက်ခံရသောကားအား လမ်းဘေး၌ တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လုယက်ခံရသောကားအား လမ်းဘေး၌ တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ပြီး ကားလုပြေးသူများ လိုက်လံဖမ်းဆီးခဲ့ရာ ကျူးလွန်သူများက ကားထား၍ ထွက်ပြေးသွားသည်ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာ၌ လက်နက်ကိုင်လူငယ်အချို့ကအမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကားအား ယူဆောင်သွားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာနယ်မြေခံတော်လှန်ရေး အဖွဲ့များက ကားအား လိုက်လံရှာဖွေခဲ့ကြောင်း၊ လုယက်သူ လူငယ်များက အက်တောရပ်ကွက်လမ်းပေါ်တွင် ကားထား၍ ထွက်ပြေးသွားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျူးလွန်သူတရားခံများရဲ့ သတင်းအချက်အလက်များကိုရရှိပြီးဖြစ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့စည်းများနဲ့ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးသွားမှာဖြစ်ပါတယ်။ ပြည်သူလူထုသိရှိစေဖို့ ပြန်လည်ထုတ်ပြန်ပေးမှာပါ။”ဟု မုံရွာပလအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို​နောက် အဆိုပါကားအနီးသို့ စစ်ကောင်စီတပ်က အိမ်စီးကားများဖြင့်ရောက်လာ၍ ပလဖနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှု​ခေတ္တ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက်(မန်ကျည်းပင်စျေးအနီး)၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း၊လုယက်သူများမှာ လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားထားသည်။

၂၀၂၃ သြဂုတ်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏ ဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ရန်ကင်းမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

သတင်း

မန္တလေးမြို့ လူစည်ကားရာ ညောင်ပင်စျေးအနီး က စာချုပ်စာတမ်းရောင်းချတဲ့နေအိမ် ကို မနေ့ (သြဂုတ် ၁၉) ညနေပိုင်းက စျေးဝယ်ဟန်ဆောင်ပြီး လုယက်တဲ့ဖြစ်စဉ်မှာ ဆိုင်ရှင်သက်ကြီးပိုင်း အမျိုးသမီးကြီး ၁ ဦးသေဆုံး သွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Facebook