close
Connect with us

Hi, what are you looking for?

သတင်း

MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိစစ်သုံ့ပန်း ၂၀၀ ​ကျော်ကိုထပ်မံလွှတ်ပေး

စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့်သတင်းနှင့်ပတ်သက်၍ MNDAAကရော စစ်ကောင်စီကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

(MNDAA ကသြဂုတ်လကုန်ပိုင်းတွင် စစ်သုံ့ပန်းများကို ပြန်လွှတ်​ပေးရန် ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-MNDAA)
(MNDAA ကသြဂုတ်လကုန်ပိုင်းတွင် စစ်သုံ့ပန်းများကို ပြန်လွှတ်​ပေးရန် ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-MNDAA)

အိမ်သွင်/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကိုMNDAAက ပြန်လွှတ်ပေးနေပြီး ယနေ့(ဒီဇင်ဘာ ၂၆) နံနက်ပိုင်းတွင် သုံ့ပန်း ၂၀၀ ကျော်ကို နမ့်လန်မြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

MNDAA နှင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်က တရုတ်ကြားခံ၍ ဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ စစ်သုံ့ပန်းနှင့်မိသားစုများပြန်လွတ်ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းရင်းမြစ်က ပြောသည်။

“စစ်သုံ့ပန်းတွေက ကိုးကန့်အတွက်တော့ ဝန်ထုပ်ဝန်ပိုးပဲ။ ဆက်တိုက်ပြန်လွှတ်ပေးပါလိမ့်မယ်။ သူတို့ထိန်းထားပေးရတာ ထောင်ချီရှိတယ်လေ”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

MNDAAက လားရှိုးမြို့ နှင့် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင် ၄,၇၀၀ ကျော်ကိုဖမ်းမိထားသည်။ သြဂုတ်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစုဝင် ၈၀၀ ကျော်ကို ပြန်လွတ်ပေးခဲ့ဖူးသည်။

တရုတ်နိုင်ငံ၏ တိုက်တွန်းမှုကြောင့် စတင်အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်မဟုတ်ကြောင်း MNDAA ကဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် လားရှိုးမြို့ဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေသည်။သို့​ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် MNDAA အနေဖြင့် မြန်မာပြည်မှ ခွဲထွက်မည်မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။စစ်ကောင်စီဘက်က မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်မှထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပေးရန်အပြင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံသော်လည်း ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်ထားသည်ဟု ထုတ်ပြန်ထားသည်။

ယခုတကြိမ် စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့်သတင်းနှင့်ပတ်သက်၍ MNDAAကရော စစ်ကောင်စီကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီဘက်က စစ်ရှုံးနိမ့်မှု၏ ရိုက်ခတ်မှုများနှင့် များစွာလှုပ်လှုပ်ရှားရှား ဖြစ်နေချိန်ဖြစ်သည်ဟု ဆိုသည်။

သတင်း

■မံစီမြို့ရှိ စစ်​ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ အိမ်သွင်၊ ဟန်​နွေ /People’s Spring မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူး​ပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်​သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​သေဆုံးခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ၄ရက်တွင် မံစီမြို့အပြင်တွင်ကျန်​နေ​သော ခမရ(၆၀၁)၊...

သတင်း

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

Facebook