ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်က ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မံစီမြို့အခြေစိုက် စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို KIAပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ၂၆ရက်) နံနက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ၎င်းက ပြောသည်။
ဒီဇင်ဘာ၂၅ရက်တွင် မံစီမြို့ရှိ လက်ကျန်စစ်ကောင်စီတပ်ရင်းသုံးခုအား KIAက သိမ်းပိုက်ရရှိခဲ့ ကြောင်း သတင်းရင်းမြစ်အချို့က ပြောသော်လည်း အမှန်တကယ်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
“ဒီမနက်လည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ခမရ-၃၁၉၊ ၆၀၁၊ ၃၅၂ အမတ တို့ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် စစ်ကောင်စီးတပ်သေဆုံးထိခိုက်မှု များပြားပြီးထွက်ပြေးသူများလည်းရှိသည်ဟု ၎င်းကဆိုသည်။
ထို့အပြင် မံစီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းကို အသေဖမ်းမိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများ အပြီးသတ်မရသေးသာ်လည်း ဘန်ကာအချို့ သိမ်းရပြီးဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
KIA သည် ဗန်းမောမြို့နှင့် မံစီဒေသတခုလုံး သိမ်းပိုက်နိုင်ရေး ဒီဇင်ဘာ ၄ရက်ကစတင်ထိုစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား သိမ်းရထားသည်။
ဗန်းမော်နှင့် မံစီမြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် ယနေ့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။
