close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနှင့် ကျွန်းလှတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ရာ ၁၆ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းရဟု အမှတ်(၁)စစ်ဒေသ အသိပေး

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ)

ဇေအောင်၊အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ​၏ အမှတ်(၃၆၁) ခြေမြန်တပ်ရင်းနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းအား တိုက်ခို​က်ရာ ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရကြောင်း အမှတ်(၁)စစ်ဒေသက အသိပေး ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက်က ကန့်ဘလူမြို့နယ်၊ မကျီးကုန်းကျေးရွာအနောက်ဘက်၌ ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာမှ ထိုးစစ်ဆင်လာသော ခမရ(၃၆၁)တပ်နှင့် ပျူစောထီးပူးပေါင်း အင်အား ၁၆၀ခန့်အား တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲသည်။

စစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပကဖ၊ ပလဖ၊ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ၊ ပလဖ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နှင့် ဒေသခံ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

“သေဆုံးတဲ့သူတွေထဲ နတ်ပေးရွာနဲ့ သင်မန်းတောရွာတွေက ပျူတွေလည်းပါတယ်။ သေဆုံးတဲ့သူတွေကို ကန့်ဘလူ သုဿာန်မှာ မီးသင်္ဂြုလ် တာ။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

တိုက်ပွဲမှာ တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး စစ် ကောင်စီက အထိနာ၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ သေနတ် ၁၀လက်နှင့်ခဲယမ်းပစ္စည်းများ သိမ်းရခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“တိုက်ပွဲတွေက အခုငြိမ်သွားပြီ။ စစ်တပ်လည်း အပြင်မထွက်ရဲတော့ဘူး။ အဲ့ဒီလို အခြေအ‌နေပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက်ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာအခြေစိုက် ခမရ (၃၆၁)နှင့် ပျူစောထီးပူးပေါင်းအင်အား ၇၀ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း-၁ နှင့် ဒေသခံ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်းများသိမ်းရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထပ်မံ အသိပေးသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါနတပ်ရင်းနှင့် ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၁၇ရက်တွင် ကွမ်ကျိုက်စခန်းနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်စခန်းအား သိမ်းပိုက်ခဲ့သည်။

သတင်း

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက် ၊ လက်နက်ကြီး ၁လက် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ကြောင်းလည်း ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

Facebook