close
Connect with us

Hi, what are you looking for?

သတင်း

ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို
ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို

တာရာ/People’s Spring

ရွှေအရောင်းအဝယ်လုပ်လိုသူများသည် လုပ်ငန်းပမာဏတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင် ​ငွေအပေါင်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည်။

ရွှေရောင်းဝယ်ခြင်းတို့ကို လိုင်စင်ဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ​ရွှေလုပ်ငန်းရှင် အသင်းက ယခုကဲ့သို့တင်းကြပ်သည့် စည်းကမ်းထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းမှာ စစ်​ကောင်စီ နှင့်ပူး​ပေါင်း၍ စစ်​ကောင်စီ ညွန်ကြားသမျှလိုက်ပါ​ဆောင်ရွက်​ပေး​နေ​သောအသင်းဖြစ်သည်။

“ဘဏ်မန်နေဂျာလက်မှတ်နဲ့ ဘဏ်စတိတ်မန့် အစစ်တင်ပြရမယ်လိုကြားတယ်။ ထွေအုပ်ရုံးက ထောက်ခံချက်လည်းတင်ပြပေးရမယ်လို့လည်းပြောတယ်”ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းလိုင်စင်ကို ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ရက်အထိ လျှောက်ထားရန်နှင့် လျှောက်ထားသူများသည် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတို့ အဖွဲ့ဝင်ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားသည်။

ထိုအပြင် လျှောက်ထားသူသည် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်သည့် ဈေးနှုန်းအတိုင်းရောင်းရမည်ဟုလည်းဆိုသည်။

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါနတပ်ရင်းနှင့် ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၁၇ရက်တွင် ကွမ်ကျိုက်စခန်းနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်စခန်းအား သိမ်းပိုက်ခဲ့သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက် ၊ လက်နက်ကြီး ၁လက် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ကြောင်းလည်း ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

Facebook