close
Connect with us

Hi, what are you looking for?

သတင်း

ရေကန်တောင် စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက် ၊ လက်နက်ကြီး ၁လက် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ကြောင်းလည်း ဖော်ပြသည်။

(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)
(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)

▪️စစ်ဗိုလ်အပါအဝင် စစ်ကောင်စီ ၆ဦးသေ၊ လက်နက် ၄လက်ရဟု ဒေါနတပ်ရင်း အသိပေး

ထားမြတ်/People’s Spring

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်၏ ရေကန်တောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းက ယနေ့(ဒီဇင်ဘာ ၂၀ရက်)ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်းရှိ ရေကန်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)
(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဒေါနတပ်ရင်း)

အဆိုပါတပ်စခန်းကုန်းကို ဗုံးသီးချခြင်းနှင့် နှစ်ဘက်အပြန်အလှန် ၁နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စခန်းကုန်းအတွင်း ဝင်ရောက်နိုင်ခဲ့ပြီး ဘားတိုက်၊အဆောင်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် (၆)ဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်သည်။တော်လှန်ရေး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ဟုလည်း အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက် ၊ လက်နက်ကြီး ၁လက် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ကြောင်းလည်း ဖော်ပြသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ဒေါနတပ်ရင်းထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)
(ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဒေါနတပ်ရင်း)

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF ) ၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် ကံပေါက်ဒေသအခြေစိုက် ခလရ (၂၇၃)တပ်ရင်း၏ ဗဟိုကင်းကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦး သေဆုံးခဲ့ကြော်း ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

ဒေါနတပ်ရင်းသည် မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း မဟာမိတ်များနှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃)နယ်မြေအတွင်း ရေးမြောက်ပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကနင်ကမော့ လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအားဒီဇင်ဘာ ၁၇ရက်မနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက် ၁လက် သိမ်းရခဲ့သည်။ ပူးပေါင်းတပ်မှ ဒေါနတပ်ရင်းမှ ရဲဘော် ၁ဦး အပါအဝင် ၂ဦးကျဆုံးခဲ့ပြီးဒဏ်ရာရသူ အချို့ရှိခဲ့သည်။

ဒေါနတပ်ရင်းသည် မွန်၊ တနင်္သာရီအခြေစိုက် ကရင်နှင့် မွန်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည့် PDF တပ်ရင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါနတပ်ရင်းနှင့် ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၁၇ရက်တွင် ကွမ်ကျိုက်စခန်းနှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်စခန်းအား သိမ်းပိုက်ခဲ့သည်။

သတင်း

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

Facebook