လူအေး/People’s Spring
ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကို ယမန်နေ့( အောက်တိုဘာ ၇ရက်)ည ၁၁နာရီခန့်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၅ဦထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။
” ကျတော်တို့ သိထားသလောက် ၁၅ဦးမကပါဘူး သေဆုံးတာ။ အရေအတွက်တိုးလာနိုင်ပါတယ်” ဟု တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူများတွင် ကလေးငယ်နှင့်အမျိုးသမီးများလည်းပါဝင်ပြီး ဒဏ်ရာရသူများ၏ အခြေအနေမှာလည်း စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
စစ်ကောင်စီသည် အောက်တိုဘာ ၄ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦးသေဆုံးခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက် မှုများဆက်တိုက်ပြုလုပ်နေသည့်စစ်ကောင်စီကို ဟန့်တားအရေးယူပေးရန် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များက တောင်းဆိုနေသည်။
