close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းတွင်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုမှ လက်ရှိစစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုအပေါ် ပြည်သူတွေအနေနဲ့ ဆန့်ကျင်ကြဖို့ “စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ” ကြွေးကြော်သံနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်နဲ့ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကို ငြင်းပယ်ရန် လှုံဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းကလည်း “သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်

ခံကြောင်း၊ Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပြီး သန်းခေါင်စာရင်းကိုဆန့်ကျင်ကြဖို့လည်း နှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ဆားလင်းကြီးလူထုသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်​ကောင်စီက သီပေါမြို့အားက​အောက်တိုဘာ ၅ ရက် တွင်လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအား စစ်တပ်အကြီးအကဲများ၏ အမိန့်ကြောင့် ပြုလုပ်ရခြင်းဖြစ်ပြီး ဝန်ချကန်တော့ပြီး တောင်းပန်လိုဟု ဘုတလင်၌ ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်သား အောင်စိုးမိုးဆိုသူက ပြောကြားသည်။

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။