close
Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - လူထုအောင်လံသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

ပြည်သူများက “အာဏာရူးကိုတွန်းလှန်ကြစို့ သွေးအေးမနေနဲ့” ၊ “စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ” ၊ “အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်ကြ” စသည့်စာသားများဖြင့် “အကြမ်းဖက် စစ်ကောင်စီ ကျဆုံးရေး” ၊ “အတုအယောင် ရွေးကောက်ပွဲ အလိုမရှိ”ဟု ကြွေးကြော်ဆန္ဒပြခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေးကိုလည်း တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြသပိတ်လှုပ်ရှားမှုကို ကသာမြို့နယ် ကျေးလက်နေပြည်သူများနှင့် လူထုအောင်လံသပိတ်အဖွဲ့​တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက သီပေါမြို့အားက​အောက်တိုဘာ ၅ ရက် တွင်လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။