close
Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့ကို PDF အပြီးသတ်သိမ်းပိုက်

အမှတ်(၁)စစ်​ဒေသ ကွပ်ကဲမှုနဲ့ PDF နဲ့ မဟာမိတ်တပ်​တွေ ထိုးစစ်ဆင်​နေတဲ့စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်း​တွေကို ဒီက​နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ပြီလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။

ပင်လည်ဘူးမြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-MOI

အမှတ်(၁)စစ်​ဒေသ ကွပ်ကဲမှုနဲ့ PDF နဲ့ မဟာမိတ်တပ်​တွေ ထိုးစစ်ဆင်​နေတဲ့စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်း​တွေကို ဒီက​နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ပြီလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။

သြဂုတ်လလယ်ပိုင်းကစပြီး ပင်လည်ဘူး ၊အင်း​တော်၊ထီးချိုင့် မြို့​တွေကို PDF နဲ့ မဟာမိတ်တပ်​တွေက သြဂုလလယ်ပိုင်းကစပြီးတပြိုင်နက် ထိုးစစ်ဆင်ခဲ့တာပါ ။ စစ်​ကောင်စီတပ်ကစခန်း​တွေ ကျခါနီးတိုင်းစစ်ကူ​တွေကို ​လေကြောင်းက​နေ အကြိမ်ကြိမ်ပို့ ခုခံတာ​ကြောင့် နှစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ ​အောက်တိုဘာ ၈ ရက်မနက်အ​စောပိုင်းမှာ ပင်လည်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်​ရေးသတင်းရင်းမြစ် ၂ ဦးကအတည်ပြုပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေဝန်ကြီးဌာန(MOD)ထံဆက်သွယ် မေးမြန်းရာ တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်လို့သာ​ဖြေကြားပါတယ် ။

NUG ၊ကာကွယ်​ရေးဝန်ကြီးဌာန ၊အမှတ် ၁ စစ်​ဒေသကွပ်ကဲမှုနဲ့ ပင်လည်ဘူး၊အင်း​တော် ၊ထီးချိုင့်မြို့သိမ်းတိုက်ပွဲ​တွေမှာ PDFတပ်ဖွဲ့ဝင်​ထောင်ချီ ပါဝင်တိုက်ခိုက်​နေကြတာလို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားသည့် ဂန့်ဂေါမြို့ခလရ(၅၀)တပ် စစ်ကြောင်းမှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကျိန္တလီဒေသရှိ စခန်း ၂ခုအသိမ်းခံရသည့် စစ်ကောင်စီတပ်က ချောင်းကူးတံတားဖျက်ဆီးပြီး ဂွမြို့ဘက်ဆုတ်ခွာ၊ တောင်ကုန် စကခ(၅) လက်အောက်ခံတပ်ရင်းများ အပြီးသတ်သိမ်းယူနိုင်ရေး ဆောင်ရွက်နေဟု အသိပေး

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ရေဘေးသင့်အိမ်ထောင်စု ၁၈ဝကျော်အား တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသ၏ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook