ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၀ရက်က ရေနံချောင်းမြို့အခြေစိုက် ခလရ(၇၇ )မှ တပ်ကြပ်ဖိုးလင်းဆိုသူအား ရေနံချောင်းမြို့နယ် တနေရာတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး PDFသတင်းများကို ထေက်လှမ်းနေ၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် ၎င်းတပ်ကြပ်မှာ ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ဗိုလ်စံသျှားက ပြောသည်။

Public Service Announcement
“သူက ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တန်ပြန်ထောက်လှမ်းရေးလုပ်နေတာ။ သတင်းအရ စောင့်ဖမ်းတာကို အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်ခဲ့တာ”ဟု ဗိုလ်စံသျှားက ပြောသည်။
အလားတူ ဇူလိုင် ၁၃ ရက်ကလည်း ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေသော ရွာသစ်ရပ်ကွက် အုပ် ချုပ်ရေးမှူးသန်းထွေးဆိုသူ လက်ဖက်ရည်သောက်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ကောာင်စီ၊ ထောက် တိုင်များ၊ အပေါင်းပါများနှင့် နီးနီးကပ်ကပ် သွားလာနေထိုင်ခြင်း မပြုကြရန်နှင့် ၎င်းတို့၏ သွားလာလှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ် ရေးအဖွဲ့များထံသို့ အချိန်နှင့် တပြေးညီသတင်းပေးပို့ကြပါရန် ရေနံချောင်းပကဖက မေတ္တာရပ်ခံထားသည်။
