ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်သည် ယနေ့(ဇူလိုင် ၂၄ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
နော်စီဖိုးရာစိန်သည် KNU တွင် ဗဟိုကော်မတီဝင်၊ အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

Public Service Announcement
” သူ့ရောဂါခံစားနေရတာ တစ်နှစ်လောက်ရှိပြီ။ ကင်ဆာရောဂါနဲ့နလေ။ သူစသိတာနဲ့ ခံစားရတာ ဆေးရုံတက်နေရတာ တစ်နှစ်လောက်ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
နော်စီဖိုးရာစိန်သည် KNUအဖွဲ့အစည်းအတွက် သာမက မြန်မာပြည်ငြိမ်းချမ်းရေး၊ မဟာမိတ် ဆက်ဆံရေးတို့အတွ့်လည်း အကောင်းဆုံး တက်နိုင်သမျှ ကြိုးပမ်းခဲ့သူဖြစ်သည်ဟု ပြောပြသည်။
“မပြီးဆုံးသေးတဲ့တာဝန်ကိုတော့ ဆက်လုပ်ရမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ဒုဥက္ကဋ္ဌ ဟောင်းသည် ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ် ရှိပြီဖြစ်သည်။
နော်စီဖိုးရာစိန်သည် KNUဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ သမီးဖြစ်ပြီးမိခင်ဖြစ်သူ အဖွားနော်ဖောကဝေါကဲ့သို့ပင် ကျောင်းဆရာမ ဖြစ်ကြောင်း၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌတာဝန်နှင့် KNU အထွေထွေအတွင်းရေးမှူးတာ၀န်နှင့်ဒုဥက္ကဌတာ၀န်များကို ထမ်းဆောင်ခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားည်။
နော်စီဖိုးရာစိန်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန် နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်သွားကြရန် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်တွန်းခဲ့သူဖြစ်သည်။
