ထားမြတ်/People’s Spring
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
ဒုတပ်ကြပ် ကွီးလိန်းသည် ဇူလိုင် ၁၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ BA63 တစ်လက်၊ ကျည် ၃၀တောင်၊ ကျည်ဘောက် (၂)ခုနှင့် ဆက်သွယ်ရေးစက် (၁)လုံးယူဆောင်လာခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်သည်။
ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် ယုံကြည်စွာ အလင်းဝင်လာနိုင်ကြောင်းလည်း CDF ကန်ပက်လက်က ဖိတ်ခေါ်ထားသည်။
CDF ကန်ပက်လက်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး မတူပီ မြို့သိမ်းတိုက်ပွဲ၊ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
