မိထက်/People’s Spring
ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဇူလိုင် ၂၀ ရက်)နံနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်းအနီးရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၅နာရီခန့်တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ရဲတချို့သေတယ်။ အဓိကက မတရားဖမ်းခံရသူတွေအပါအဝင် အကျဉ်းသားတွေ ကယ်ထုတ်နိုင်တယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးအား မေးမြန်းရာ ရဲစခန်းအာစီးနင်းတိုက်ခိုက်မှုမှန်ကန်ပြီး သက်ဆိုင်ရာမှ မကြာခင်သတင်းအတိအကျထုတ်ပြန်မည်ဟုပြောသည်။လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရာတွင်လည်း မပြောနိုင်သေးကြောင်း ဆက်ပြောသည်။
