Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံနှင့်ဘီးလင်းကြားရှိ တံတားတစ်စင်း ဖောက်ခွဲဖျက်ဆီးခံရ

ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။

(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမကြီးမှ သထုံနှင့် – ဘီးလင်းမြို့ကြားရှိ ကရင်လေးဆိပ်ခံတံတားတစ်စင်း ယနေ့ (ဇူလိုင် ၁၇) နံနက်အစောပိုင်း၌ ဖောက်ခွဲဖျက်ဆီးခံရပြီး ကားများသွားလာ၍ မရတော့ကြောင်း သိရသည်။

“ကရင်လေးဆိပ်တံတားထပ်ကျိုးသွားပါပြီ။ ကားလေးတွေ ရှောင်ကွင်းလမ်းကသွားလို့ရတယ်။ ကားကြီးတွေလုံးဝမရဘူး”ဟု ယင်းနေရာကို ဖြတ်လာသည့် ခရီးသွားတစ်ဦးကပြောသည်။

ကရင်လေးဆိပ်တံတားသည် ပြီးခဲ့သည့် မေလကဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအနီး၌ တည်ရှိသည်။ ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။ ကျုံအိတ်တံတားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ကလည်း KNLA က မိုင်းခွဲခဲ့ပြီး တံတားပျက်စီးမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင် သုံးဦး သေဆုံးပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၂၀ကျော် ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ယခု ကရင်လေးဆိပ်တံတားဖောက်ခွဲခံရမှုကို အသေးစိတ်မသိရသေးပေ။ ယခုရက်ပိုင်းတိုက်ပွဲများတွင် ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့မှ ဆုတ်ခွာရန်ကြိုးစားနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတွေရပ်ကွက်များ၊ တံတားများပေါ်၌ မိုင်းများထောင်ထား၍ သတိပြုကြရန်အာရက္ခတပ်တော်(AA)က သတိပေးထားသည်။ ၁၇)နံနက်အစောပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

“ကရင်လေးဆိပ်တံတား ထပ်ကျိုးသွားပါပြီ။ ကားလေးတွေ ရှောင်ကွင်းလမ်းကသွားလို့ရတယ်။ ကားကြီးတွေလုံးဝမရဘူး”ဟု ယင်းနေရာကို ဖြတ်လာသည့် ခရီးသွားတစ်ဦးက ပြောသည်။

ကရင်လေးဆိပ်တံတားသည် ပြီးခဲ့သည့် မေလကဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအနီး၌ တည်ရှိသည်။ ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောခဲ့သည်။

ကျုံအိတ်တံတားကို ၂၀၂၃ ဇွန်လ ၂၉ ရက်ကလည်း KNLAက မိုင်းခွဲခဲ့ပြီး တံတားပျက်စီးမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင် သုံးဦး သေဆုံးပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၂၀ကျော် ဒဏ်ရာရခဲ့သည်။

ယခု ကရင်လေးဆိပ်တံတားဖောက်ခွဲခံရမှုကို အသေးစိတ်မသိရသေးပေ။ ယခုရက်ပိုင်းတိုက်ပွဲများတွင် ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့မှ ဆုတ်ခွာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတွေရပ်ကွက်များ၊ တံတားများပေါ်၌ မိုင်းများထောင်ထား၍ သတိပြုကြရန် အာရက္ခတပ်တော်(AA)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

သတင်း

ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။