▪︎မိုးကုတ်မြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်နေ
မိုးကုတ်မြို့တွင် ယမန်နေ့(ဇွန် ၂၅ )တိုက်ပွဲပြင်းထန်နေစဉ် ဆေးရုံသို့လူနာသွားပို့ပေးသည့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ၃ ဦးစလုံးသေဆုံးသွားပြီဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။
ဒေသခံလူနာနှစ်ဦးအား ကားဖြင့် ဆေးရုံသို့သွားရောက်ပို့ဆောင်သည့် လောကဟိတပရဟိတအသင်းမှ အသင်းဝင်အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးကုတ်မြို့ အနောက်ပိုင်းတစ်နေရာ၌ ဖမ်းဆီးခြင်းဟု မြို့ခံတစ်ဦးကပြောသည်။
“ကျော်တူးဆိုတဲ့သူပါတယ်။ ကျတော့် မိတ်ဆွေ။ ကားကို ထားခဲ့ပြီး လူတွေ ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ပျောက်ဆုံးနေသူသုံးဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း “ညက လူနာပို့ပြီအပြန် ဦးလေးနဲ့မောင်းဝမ်းကွဲလေးနှစ်ယောက် အဆက်သွယ်လုံးဝမရတောလို့ပါ။ လောကဟိတ ပရဟိတကို လုပ်ဆောင်နေသူတွေပါ။ကျပ်ပြင်ကပါ။ ပရဟိတကားကိုတော့ကသဲအောက်ကျောင်းမှာတွေ့ပြီလူတွေကြတော့အဆက်သွယ်မရပါ။ သူတို့ကအများတွက် ပရဟိတလုပ်နေကြတဲ့သူတွေပါသိသူမြင်သူဆက်သွယ်ပေးကြပါအုံး”ဟု လူမှုကွန်ရက်တွင်ရေးသားအကူအညီတောင်းထားသည်။
ဖမ်းဆီးခံရသူသုံးဦး ပစ်သတ်ခံရကြောင်းသတင်းများထွက်ပေါ်နေသော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။
တော်လှန်ရေးတပ်ဖွဲ့များ ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် မိုးကုတ်မြို့ပေါ်သို့ရောက်ရှိနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံအချို့ကပြောသည်။တိုက်ပွဲများမှာ ယနေ့ (ဇွန် ၂၆) မိုးကုတ်မြို့ပေါ်အထိရောက်လာပြီး တိုက်ပွဲများပြင်းထန်ပနေကြသည်ကို ဒေသခံအချို့ ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းအချို့တွင်တွေ့ရသည်။
ယနေ့ (ဇွန် ၂၆) နံနက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကိုမသိရှိရသေးပေ။
မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။
မိုးကုတ်-မတ္တရာလမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။
