close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး ဆီမီးထွန်းပွဲ ဗုံးကြဲခံရမှု ကလေးငယ် ၄ ဦးအပါအဝင် ၅ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ အနည်းဆုံး ၂၈ ဦးရှိလာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဗုံတိုရွာ မူလတန်းကျောင်း။ ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ ချောင်းဦးမြို့နယ်

အောက်တိုဘာ-၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ပြည်သူတွေ ဆီမီးထွန်းချိန် စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

​အောက်တိုဘာ ၈ ရက်နေ့မှာလည်း ညပိုင်းအထိ သေဆုံးသူတွေ ထပ်တိုးလာပြီး ကလေး ၄ ဦးအပါအဝင် ပြည်သူ ၅ ဦး ထပ်မံသေဆုံးခဲ့တာ စုစုပေါင်း သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း ဒေသခံ​တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ဆေးရုံတွေက နေရာအနှံ့ ကုသနေကြရတာရယ်။အတည်ပြုမရကြတာက အခက်အခဲကနှစ်မြို့နယ်အကြား ဖြစ်နေတော့ဖြစ်စဉ်တွေက သနားစရာတွေပါ။ အခုညဆုံးသွားတဲ့ ကလေးကကြောင်အမ်းအမ်းရပ်နေတဲ့ အကိုကို တွန်းလှဲပေးရင်းနဲ့သူ့ကိုထိတာ။လည်​ပင်းကနေ အစထိတာ။ အာခေါင်အသက်ရှုလမ်းကြောင်းထဲ ရောက်သွားတာ။ ငါးရိုးမျက်သလိုခံစားနေရတာတဲ့။ အသက်ရှုကျကြပ်ပြီး ဆုံးသွားရတာနေမှာရယ်” လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ကြားပါတယ်။

ထိခိုက်သူတွေထဲမှာ ခြေလက်အင်္ဂါဆုံးရှုံးသူတွေလည်း များစွာရှိနေပြီး ဆေးကုသမှုခံယူနေယူ​နေ​ပေမယ့်အကူအညီတွေလည်း လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ ဦး၊ CDM ကျောင်းဆရာတဦးတို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တချို့ပါ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

သတင်း

သေဆုံးရာတွင်စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ဦး၊ ကျောင်းဆရာတဦးပါဝင်