close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနိုင်ကျင့်မှု မှန်သမျှကို တရုတ်က ငြိမ်ခံနေမှာ မဟုတ်ကြောင်း ရှီကျင့်ဖျင် မိန့်ခွန်းပြော

နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲကြီးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ ဘယ်လို အနိုင်ကျင့်မှုမျိုးကိုမှ ငြိမ်ခံနေမှာ မဟုတ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲကြီးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ ဘယ်လို အနိုင်ကျင့်မှုမျိုးကိုမှ ငြိမ်ခံနေမှာ မဟုတ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချခဲ့တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ အောင်ပွဲနေ့ ချီတက်ပွဲတွေ အကြိုမိန့်ခွန်းမှာ ရှီက အခုလို ကြွေးကြော်ခဲ့တာပါ။ သူဟာ အဲဒီ ချီတက်ပွဲ အခမ်းအနားကို ဧည့်သည်တော် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့လို နျူကလီးယား လက်နက်ပိုင် မဟာမိတ် နိုင်ငံခေါင်းဆောင်တွေ ခြံရံ ရောက်ရှိလာခဲ့တာပါ။ နိုင်ငံရေး အကဲခတ်တွေကတော့ ရှီဟာ အမေရိကန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲ ကာလမှာ အရှုပ်အထွေးတွေ ကြုံနေတဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်ရိုက် စိန်ခေါ်မယ့် နိုင်ငံတကာ အင်အားစုအသစ် တစ်ခုကို ဖော်ထုတ်ပြီး ဦးဆောင်နေရာမှာ ရပ်တည်ပြဖို့ ကြိုးစားနေဟန် ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အဖွင့်မိန့်ခွန်းမှာတော့ ရှီက ဒီနေ့လို အောင်ပွဲမျိုး ကျင်းပနိုင်စေဖို့ သမိုင်းကြောင်းမှာ စွန့်လွှတ် အနစ်နာခံခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို ဘယ်တော့မှ မမေ့ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဘေဂျင်းမြို့တော်ရဲ့ တီယန်နန်မင် ရင်ပြင်မှာ ကျင်းပပြီး အနည်းဆုံး ဧည့်ပရိသတ် ၅၀၀၀၀ လောက် တက်ရောက်တဲ့ စစ်ရေးပြပွဲကြီးရဲ့ မိန့်ခွန်းထဲမှာ ရှီက တရုတ်ပြည်သူတွေဟာ လူ့ယဉ်ကျေးမှုကို ကယ်တင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများကြီး စတေး ပေးဆပ်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

လူသားဆန်မှုဆိုတာ အတက်အကျတွေ ရှိတတ်တယ်ဆိုတာ သမိုင်းကြောင်းက သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်ဟာ ဘယ်လို အနိုင်ကျင့်မှုမျိုးကိုမှ အလျှော့ပေးမှာမဟုတ်ဘဲ ကိုယ့်လမ်းကိုယ် ဆက်ပြီး ဖောက်နေမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးတဲ့နောက် တရုတ်ကို ကုန်သွယ်ရေးအရ ဖိအားပေးမှုတွေ အင်တိုက်အားတိုက် ကျင့်သုံးနေချိန်မှာ ရှီက အခုလို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ခေတ်သစ်တစ်ခုထဲကို ခရီးသစ်တစ်ခု အစပြုနေတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကွဲပြားစုံလင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးဟာ အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကိုယ်ပိုင် ဝိသေသတွေ ပြည့်ဝတဲ့ ဆိုရှယ်လစ် လမ်းစဉ်ပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေဖို့ လိုတယ်လို့လည်း ရှီက ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထောင်နဲ့ချီ များပြားတဲ့ တရုတ်စစ်သည်တွေကို ရှီက အမိုးဖွင့်ကားနဲ့ လှည့်လည် စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ အကြီးအကျယ် ကြိုတင်ပြင်ဆင်ထားတဲ့ စစ်ရေးပြ ချီတက်ပွဲ အစီအစဉ်ကို အစပြုခဲ့ပါတယ်။

တရုတ်ရဲ့ အောင်ပွဲနေ့ ချီတက်ပွဲကို ရုရှား၊ မြောက်ကိုရီးယား၊ အီရန်တို့ အပါအဝင် နိုင်ငံပေါင်း ၂၆ ခုရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရဲ့ အကြီးမားဆုံး စစ်ရေးပြ ချီတက်ပွဲ အစီအစဉ်မှာတော့ ကြိုတင် သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေ၊ အရင်က လူမြင်ကွင်းရှေ့ ထုတ်မပြဖူးတဲ့ စစ်လက်နက်တွေကို ခင်းကျင်း ပွဲထုတ်လာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်တွေ ပြုံးပြုံးရွှင်ရွှင် အတူရှိနေတဲ့ ဓာတ်ပုံဟာ အတော်လေး လူပြောများလာခဲ့ပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ် ။

နိုင်ငံတကာ

တရုတ်မှာ ကျင်းပမယ့် စစ်ရေး စစ်ရေးပြ ချီတက်ပွဲကြီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Facebook