close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Boeingဆီက လေယာဉ်မှာယူမှုတွေ ဆိုင်းငံ့ထားဖို့ တရုတ် လေကြောင်းလိုင်းတွေကို အစိုးရ ညွှန်ကြားထားတယ်လို့ဆို

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Reuters

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဧပြီ ၁၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းဟာ တရုတ်နဲ့ အမေရိကန်ကြားက ပိုမို တင်းမာလာတဲ့ ကုန်သွယ်ရေး အားပြိုင်မှုတွေအတွက် တရုတ်က တုံ့ပြန်တဲ့ အစီအမံ တစ်ခုလို့လည်း ယုံကြည်ရပါတယ်။ တရုတ် အစိုးရကတော့ ဒီကိစ္စအပေါ် အတိအလင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် အလုံးအရင်း မြှင့်တင် စည်းကြပ်ခဲ့ပြီး တရုတ်ကလည်း တန်ပြန်ရာက ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ကုန်သွယ်ရေး စစ်ပွဲမျိုး ဖြစ်ပေါ်လာခဲ့တာပါ။

အခုဆိုရင် အမေရိကန်က တရုတ် သွင်းကုန်အများစုအပေါ် အခွန်စည်းကြပ်မှုဟာ တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး တရုတ်က ဒေါသတကြီး ကန့်ကွက်ထားသလို အမေရိကန် သွင်းကုန်တွေကိုလည်း ၁၂၅ ရာခိုင်နှုန်း အခွန်ပြန်စည်းကြပ်မယ်လို့ ကြေညာထားပါတယ်။ 

Public Service Announcement

Public Service Announcement

တရုတ်က Boeing လေယာဉ်တွေ ဝယ်ယူမှုကို ရပ်တန့်ဖို့ ပြည်တွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေကို ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းကို Bloomberg သတင်းဌာနက ဧပြီ ၁၅ ရက်နေ့မှာ စတင် ဖော်ပြခဲ့တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ Boeing ကုမ္ပဏီတို့ကတော့ ဒီကိစ္စအပေါ် လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။

Bloombergရဲ့ အဆိုအရ Boeingဆီက လေယာဉ်တွေနဲ့ တခြား ကုန်ကျစရိတ် များပြားတဲ့ ပစ္စည်းတွေ ဝယ်ယူမှု မှန်သမျှကို အကူအညီတွေ ပေးတော့မှာ မဟုတ်တဲ့ သဘောမျိုး တရုတ် လေကြောင်းလိုင်းတွေကို အသိပေးထားကြောင်း သိရပါတယ်။

ကိုးကား: Bloomberg, CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။

အတွေးအမြင်

ဆရာ Letyar Tun ရဲ့ လတ်တလောပို့စ်မှာ မြန်မာဟာ အိန္ဒိယ-တရုတ် နိုင်ငံရေးပြတ်ရွေ့နှစ်ခု တိုက်မိနေတဲ့ကြားမှာမို့"ပထဝီနိုင်ငံရေးငလျင်ကြီး" လှုပ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ "အိန္ဒိယက မီဇိုရမ်အမတ်တွေက ချင်းတောင်တန်းနဲ့ လူရှိုင်းတောင်တန်း ပြန်ပေါင်းချင်တယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံ အများအပြားက စိတ်ဒုက္ခ ကြီးစွာနဲ့ စောင့်ဆိုင်းနေရတဲ့ အချိန်ကို မရောက်ခင်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုတ်တရက် အပြောင်းအလဲ တစ်ခုကို ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန်ပမာဏ အမြောက်အမြားစည်းကြပ်မယ့်အစီအစဉ်မှာကွန်ပျူတာတွေ၊စမတ်ဖုန်းတွေ၊ Tabletတွေနဲ့ တခြားသော IT နည်းပညာ ပစ္စည်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။

Facebook