close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာ တော်လှန်သင်္ကြန်အဖြစ် ဆန္ဒပြ

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC

ဧပြီ-၁၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၅)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက “ရွှေရေကြည်သံကြပ်အဖွဲ့” ဖွဲ့ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း သံချပ်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာလည်း “ပိတောက်တွေနီစေ သင်္ကြန်မြေ DDMSC သံချပ်အဖွဲ့”က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သံချပ်နဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်၊ စစ်ကိုင်းနဲ့ တနင်္သာရီမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၀)မှာ မတရားစစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၇ရက်ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းအများအပြားရရှိခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက မစ်ဇိုင်းများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

Facebook