close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်သုံးဦး CDF ဟားခါးထံ အလင်းဝင်၊ တပတ်အတွင်း ၆ ဦးအလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က အသိပေးသည်။

ပြည်သူ့စစ်သုံးဦး အလင်းဝင်လာစဥ်။ ဓာတ်ပုံ - CDF-Hakha

ဧပြီ ၁၅၊၂၀၂၅။ တေဇ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က အသိပေးသည်။

ဧပြီ ၁၃ရက်တွင် ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA11 တစ်လက် တို့နှင့်အတူ Chinland Defense Force – Hakhaထံသို့ အလင်းဝင်လာ၍ ငွေသားဆုများချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ငွေသားဆုများ ပေးအပ်ချီးမြှင့်စဥ်။ ဓာတ်ပုံ – CDF-Hakha

“စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို မိမိတို့ Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် Chinland Defense Force – Hakha သို့ ဧပြီ ၆ ရက်တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး ‌လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ပြီး ဧပြီ ၇ ရက်တွင်လည်း ဟားခါးမြို့မှ ပြည်သူ့စစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီနှင့် PNAပြည်သူ့စစ်တို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)မှ တပ်သား သုံးဦးသည် လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

သတင်း

ရှေ့တန်းရောက် စစ်ကောင်စီတပ်သား လေးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၅)တပ်ရင်းက ယနေ့(မတ်လ ၂၇ရက်) ထုတ်ပြန်သည်။

သတင်း

စစ်တပ်မှထွက်ပြေးသူများအား ပစ်သတ်ရန် အမိန့်ထုတ်ထားကြောင်း မုံရွာခရိုင် အမှတ် (၁)တပ်ရင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးက ဖွင့်ဟသည်။