close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ငလျင်လှုပ်ချိန် တိရစ္ဆာန်ရုံထဲက ဆင်အုပ်ရဲ့ စနစ်တကျ တုံ့ပြန်ပုံ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ

ငလျင်တစ်ခု လှုပ်ခတ်ချိန် အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ ဆင်တွေရဲ့ စနစ်တကျ အကာအကွယ်ယူ တုံ့ပြန် လှုပ်ရှားမှု တစ်ခုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ငလျင်တစ်ခု လှုပ်ခတ်ချိန် အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ ဆင်တွေရဲ့ စနစ်တကျ အကာအကွယ်ယူ တုံ့ပြန် လှုပ်ရှားမှု တစ်ခုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ဧပြီ ၁၄ ရက် မနက်ပိုင်းတုန်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ မဂ္ဂနီကျု ၅.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားလို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ ဆန်ဒီယေဂို တိရစ္ဆာန်ရုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကတော့ ငလျင်လှုပ်တဲ့အချိန် တိရစ္ဆာန်ရုံထဲမှာ မွေးမြူထားတဲ့ အာဖရိက ဆင်အုပ်က ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ဘယ်လို သဘာဝအလျောက် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။

ဆင်တွေက မြေလွှာတုန်ခါလာချိန်မှာ အထိတ်တလန့် ဖြစ်သွားပေမယ့် အချင်းချင်း အသံပြု ဆက်သွယ်ပြီး တစ်နေရာတည်းမှာ စုဝေးလိုက်ကြပါတယ်။ ပြီးတော့ ဆင်သားပေါက်လေးတွေကို အလယ်မှာထားပြီး အရွယ်ရောက်ပြီး ဆင်တွေက ဝန်းရံကာကွယ်ထားတဲ့ အနေအထားမျိုး စက်ဝိုင်းပုံ နေရာယူထားလိုက်တာကို တွေ့ရပါတယ်။

ဆင်တွေရဲ့ အဲဒီလို စနစ်ကျတဲ့ တုံ့ပြန်ပုံ ဗီဒီယိုကို တိရစ္ဆာန်ရုံက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့နောက် လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ ဆင်တွေဟာ ငလျင်စလှုပ်ချိန်မှာ နည်းနည်း ထိတ်ပြာသွားပုံ ပေါ်ပေမယ့် အားလုံး စုစည်းနေရာယူထားပြီးတဲ့ အချိန်မှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နန်ဒူလာ၊ အူမွန်ဂါနီနဲ့ ခိုဆီလို့ နာမည်ပေးထားတဲ့ ဆင်ကြီးသုံးကောင်ဟာ ကျောချင်းကပ်ပုံစံ နေရာယူပြီး ဆင်ပေါက်လေး နှစ်ကောင်ကို အကာအကွယ်ပေးဖို့ အသင့်အနေအထားမျိုး ရပ်နေခဲ့ကြတာပါ။ သတ္တဗေဒ ပညာရှင်တွေက အဲဒီ မြင်ကွင်းဟာ ဆင်တွေရဲ့ အချင်းချင်း ရိုင်းပင်းတတ်တဲ့ ပင်ကို စရိုက်နဲ့ ခြိမ်းခြောက်မှုကို အမြန်ဆုံး တုံ့ပြန်တတ်တဲ့ စေ့ဆော်နိုင်မှုတွေကို ထင်ဟပ်စေကြောင်း ပြောပါတယ်။

ကယ်လီဖိုးနီးယားက ငလျင်ကြောင့် အဝေးပြေး လမ်းမတစ်နေရာမှာ ကျောက်တုံးကြီးတွေ ပြိုကျခဲ့တဲ့ ဖြစ်စဉ်ကလွဲရင် ထိခိုက်သေကြေမှုနဲ့ အပျက်အစီးတွေ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: AP, San Diego Zoo

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးနဲ့ ဆက်စပ်ပြီး မြေသား လှုပ်ရှားရွေ့လျားမှုတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ရှင်းပြထားတဲ့ ပုံရိပ်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ငလျင်အပြီး မြန်မာ ကျောင်းသူကျောင်းသားတွေကို ငွေကြေး ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား တက္ကသိုလ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဧပြီ-၁၃၊၂၀၂၅။ဟာနာဆန်/People’s Spring ကမ္ဘာ့ကပ်​​ရောဂါကိုဗစ်19၊ အာဏာသိမ်းကာလ ၄ နှစ်နဲ့ အာဏာသိမ်းထားတုန်း ငလျင်ပါထပ်လှုပ်တဲ့ ၂၀၂၅ သင်္ကြန်ကာလနဲ့ပါ ထပ်ပေါင်းရင် သင်္ကြန်စစ်စစ် မဖြစ်တာ ၆ နှစ်ရှိခဲ့ပါပြီ။ ဒီနေ့ မန္တလေးသင်္ကြန်အကြိုနေ့မှာတော့ နေအိမ်တချို့မှာ သိကြားမင်းကြိုထားတဲ့ အတာအိုးတချို့တွေ့ရတယ်။ အိမ်ပေါက်စေ့တော့ မကြိုနိုင်ကြတော့ပါဘူး။ ဥပုသ်သီတင်းသီလစောင့်ဖို့ ပြိုလဲအက်ကွဲနေတဲ့...

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် တန်ခိုးကြီးဘုရားများအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အအုံ တစ်သောင်းနီးပါးပျက်စီးခဲ့ပြီး အဆိုပါပြိုကျမှုကြောင့် ရဟန်းသံဃာအပါအဝင် ၉၀၀ကျော်သေဆုံးကြောင်း စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာန၏ စာရင်းအချက်များအရ သိရသည်။