close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရတဲ့နိုင်ငံ မရှိဘူးလို့ ရှီကျင့်ဖျင် သတိပေး

ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။

AFP

ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။

အရှေ့တောင်အာရှ သုံးနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အဖြစ် ဧပြီ ၁၄ ရက်နေ့မှာ ဗီယက်နမ်ဆီ မသွားရောက်ခင်မှာ ရှီက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ အလုံးအရင်း မြှင့်တင်ခဲ့ပြီး တရုတ်ကလည်း လက်တုံ့ပြန်နေတဲ့နောက် ကမ္ဘာ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်မှုတွေ ဖြစ်လာချိန်မှာ ရှီက ဗီယက်နမ်ရဲ့ Nhan Dan သတင်းစာ ဆောင်းပါးမှာ အခုလို ရေးသားထားခဲ့တာပါ။

သူ့ရဲ့ဆောင်းပါးထဲမှာတော့ အခွန်တိုးမြှင့် စည်းကြပ်မှုတွေ၊ ကုန်သွယ်ရေး စစ်ပွဲတွေမှာ ဘယ်နိုင်ငံမှ အနိုင်ရတာ မရှိကြောင်း၊ ပြည်ပယှဉ်ပြိုင်မှုကို ကာကွယ်ဖို့ အခွန်တိုးကောက်တဲ့ ဝါဒမှာ ဘာအကျိုးရလဒ်မှ မရှိကြောင်း ရှီက ဆိုပါတယ်။

သူက ဗီယက်နမ် အနေနဲ့လည်း နိုင်ငံပေါင်းစုံနဲ့ ထိတွေ့ ဆက်နွှယ်တဲ့ ကုန်သွယ်ရေးစနစ်၊ တည်ငြိမ်တဲ့ ကမ္ဘာ့ ကုန်ထုတ်ကဏ္ဍနဲ့ ကုန်ကြမ်းထောက်ပံ့နိုင်စွမ်း၊ ပွင့်လင်းပြီး စည်းလုံးတဲ့ နိုင်ငံတကာ ဝန်းကျင်တွေကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားစေလိုကြောင်း ဆောင်းပါးထဲမှာ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က တရုတ် သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လာချိန်မှာ ရှီဟာ အရှေ့တောင်အာရှနဲ့ ကုန်သွယ်ရေးကို ပိုမိုမြှင့်တင်နိုင်ဖို့ အခုခရီးစဉ်မှာ အားထုတ်ဖွယ် ရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ရှီဟာ ဗီယက်နမ်သာ မကဘဲ ကမ္ဘောဒီးယားနဲ့ မလေးရှား နိုင်ငံတွေဆီလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ကုန်ထုတ်ကဏ္ဍမှာ အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်လာနေတဲ့ ဗီယက်နမ်ဟာလည်း နိုင်ငံရဲ့ ပို့ကုန်တွေကို တန်ဖိုးရဲ့ ၄၆ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်ဆိုတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩ စိတ်ပျက်နေပါတယ်။

ရှီရဲ့ ခရီးစဉ်အတွင်း တရုတ်နဲ့ ဗီယက်နမ်တို့ဟာ ကဏ္ဍပေါင်းစုံအတွက် သဘောတူညီမှု စုစုပေါင်း အခု ၄၀ လောက်ကို လက်မှတ်ရေးထိုးသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

အတွေးအမြင်

ဆရာ Letyar Tun ရဲ့ လတ်တလောပို့စ်မှာ မြန်မာဟာ အိန္ဒိယ-တရုတ် နိုင်ငံရေးပြတ်ရွေ့နှစ်ခု တိုက်မိနေတဲ့ကြားမှာမို့"ပထဝီနိုင်ငံရေးငလျင်ကြီး" လှုပ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ "အိန္ဒိယက မီဇိုရမ်အမတ်တွေက ချင်းတောင်တန်းနဲ့ လူရှိုင်းတောင်တန်း ပြန်ပေါင်းချင်တယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံ အများအပြားက စိတ်ဒုက္ခ ကြီးစွာနဲ့ စောင့်ဆိုင်းနေရတဲ့ အချိန်ကို မရောက်ခင်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုတ်တရက် အပြောင်းအလဲ တစ်ခုကို ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန်ပမာဏ အမြောက်အမြားစည်းကြပ်မယ့်အစီအစဉ်မှာကွန်ပျူတာတွေ၊စမတ်ဖုန်းတွေ၊ Tabletတွေနဲ့ တခြားသော IT နည်းပညာ ပစ္စည်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်း မုန်တိုင်းလို လေပြင်းတိုက်ခတ်မှုတွေ ကြုံနိုင်ခြေ မိုးလေသဝ သတိပေးချက်ကို တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။