close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွန်ခရန်ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အချက်အလက်တွေကို ထိုင်းထုတ်ပြန်

ထိုင်းမှာ ကျင်းပနေတဲ့ ဆွန်ခရန် ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အများစုဟာ သတ်မှတ်မြန်နှုန်းထက် ပိုမောင်းတာ၊ မူးယစ်သောက်စားပြီး မောင်းနှင်တာတွေကြောင့် ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းမှာ ကျင်းပနေတဲ့ ဆွန်ခရန် ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အများစုဟာ သတ်မှတ်မြန်နှုန်းထက် ပိုမောင်းတာ၊ မူးယစ်သောက်စားပြီး မောင်းနှင်တာတွေကြောင့် ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆွန်ခရန် ရုံးပိတ်ရက် ကာလ စတင်ပြီး ပထမဆုံး ၄ ရက်တာအတွင်း နိုင်ငံအနှံ့မှာ ယာဉ်မတော်တဆမှု ၁၀၀၀ လောက် ဖြစ်ပွားခဲ့ပြီး ၁၃၈ ဦးသေ၊ ၁၀၀၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ယာဉ်စည်းကမ်း ထိန်းသိမ်းကြပ်မတ်ရေးနဲ့ မတော်တဆမှု လျှော့ချရေး စီမံခန့်ခွဲမှု ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ အတောအတွင်း နိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့သမျှ ယာဉ်မတော်တဆမှုတွေရဲ့ ၄၄.၄ ရာခိုင်နှုန်းဟာ သတ်မှတ် မြန်နှုန်းထက် ပိုမောင်းလို့ဖြစ်ပြီး ၂၄.၉ ရာခိုင်နှုန်းကတော့ အရက်မူးပြီး မောင်းနှင်မှုတွေကြောင့်လို့ ဆိုပါတယ်။ မြင်ကွင်း မရှင်းလင်းတဲ့ အခြေအနေတွေကြောင့် ကြုံခဲ့တဲ့ ယာဉ်မတော်တဆမှုက ၁၄.၅၂ ရာခိုင်နှုန်း ရှိပါတယ်။

ယာဉ်မတော်တဆမှု အားလုံးရဲ့ ၇၇.၂ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်ပတ်သက်ခဲ့ပြီး ၈၅.၈၉ ရာခိုင်နှုန်းဟာ လမ်းတဖြောင့်တည်း အခြေအနေတွေမှာ ပေါ်ပေါက်ခဲ့တာလို့လည်း သိရပါတယ်။ 

Public Service Announcement

Public Service Announcement

၄ ရက်တာအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်း အမြင့်ဆုံး ကာလ အပိုင်းအခြားဟာ နေ့လယ် ၃ နာရီနဲ့ ည​နေ ၆ နာရီကြားမှာဖြစ်ပြီး ၂၂.၄၁ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ချင်းရိုင်ဟာ ဆွန်ခရန် ကာလအတွင်း ယာဉ်မတော်တဆမှု အများဆုံး နယ်မြေအဖြစ် ရပ်တည်နေပြီး ၁၁ ကြိမ် ကြုံခဲ့သလို စုစုပေါင်း ထိခိုက်သေကြေမှု ၁၃ ဦး ရှိခဲ့ပါတယ်။ ဆာခွန်ကတော့ ယာဉ်မတော်တဆမှုတွေကြောင့် အသေအပျောက် အများဆုံးအဖြစ် ၄ ရက်အတွင်း ၆ ဦး ရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရဟာ ဆွန်ခရန် ပွဲတော်အတွက် သတ်မှတ်ထားတဲ့ ၇ ရက်တာ ခရီးသွား ကာလအတွင်း နေ့စဉ် ယာဉ်မတော်တဆမှု စာရင်းတွေကို နှစ်အလိုက် စုစည်းကောက်ယူလေ့ရှိတယ်လိုလည်း သိရပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွန်ခရန် ပွဲတော်ကာလ ပြီးရင် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ထိုင်းကျန်းမာရေးသိပ္ပံ ပညာရှင် တစ်ဦးက သတိပေး ပြောကြားသွားခဲ့ပါတယ်။

သတင်း

ဆွန်ခရန်ပွဲတော်ခရီးသွားပွဲတော်ကာလသတ်မှတ်ရက်ရဲ့ ပထမဆုံးနေ့မှာ ထိုင်းနိုင်ငံအနှံ့ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငလျင် ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကိုပါ မြင့်တက်စေခဲ့ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

သတင်း

မြန်မာဖက်က အလွန်အကျွံ ရွှေတူးဖော်မှုတွေကြောင့် နမ့်ခုတ် (ကော့ခ်) မြစ်ထဲမှာ အာဆင်းနစ် အဆိပ်အတောက် ဓာတ်သတ္တု ပါဝင်မှု လွန်ကဲနေပြီး မြစ်ရေကို မသောက်သုံးဖို့ ထိုင်းဖက်မှာ ညွှန်ကြားထားပါတယ်။

Facebook