close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြေတွေ ရှိနေဆဲလို့ သက်ဆင်ဆို

မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လှန်ရေး အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေဆဲလို့ ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကဆိုပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင် နဲ့ သူရဲ့အကြံ​ပေးဖြစ်သလိုထိုင်းဝန်ကြီးချုပ်​ဟောင်းသက်ဆင် ။ဓါတ်ပုံ- Anwar Ibrahim/Facebook

ဧပြီ-၁၅၊၂၀၂၅/People’s Spring

မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လှန်ရေး အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေဆဲလို့ ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကဆိုပါတယ်။

ပြည်တွင်းပဋိပက္ခတွေကိုစေ့စပ်ဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းဖို့ အခုလဆန်းပိုင်းမှာ သူက အာဏာသိမ်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပြီး မင်းအောင်လှိုင်ကအပြုသဘောဆန်တဲ့ တုံ့ပြန်မှုမျိုး ပြသခဲ့တဲ့အတွက် အခုလို မျှော်လင့်နိုင်တာ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။

အရှေတောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့အလှည့်ကျ ဥက္ကဋ္ဌအတွက် အကြံပေးအဖွဲ့ဝင်အဖြစ်တာဝန်ယူထားတဲ့ သက်ဆင်က မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးမှုနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ အခွင့်အလမ်း မြင့်မြင့်မားမား ရှိနေပြီး အဲဒီကိစ္စ အထမြောက်လာအောင် ကြားဝင် စီစဉ်ပေးချင်ကြောင်း၊ မင်းအောင်လှိုင်ဟာ တိုက်တွန်း စကားတွေကို နားထောင်ခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က သက်ဆင်ကို အကြံပေးအဖြစ် ခန့်အပ်ထားတာပါ။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ထိုင်းကို ရောက်ရှိခဲ့သူ မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ စိတ်အား ထက်ထက်သန်သန် လိုလားမှုကို အသိပေးခဲ့သလို အဲဒီ ရည်မှန်းချက် အထမြောက်ဖို့ဆိုရင် စေ့စပ်ဆွေး

နွေးမှုတွေဟာ ပထမအဆင့် အရေးအပါဆုံး ခြေလှမ်းဖြစ်မယ်လို့ တိုက်တွန်းခဲ့ကြောင်း သက်ဆင်ကဆိုပါတယ်။

ထိုင်းဟာမြန်မာ့အရေးမှာဘယ်ဖက်ကမှမပါဘဲ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးကို ဆွေးနွေးမှုတွေ စတင်ပေးစေနိုင်ဖို့သာ ရည်ရွယ်ကြောင်း လက်ရှိထိုင်းဝန်ကြီးချုပ်ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ဖခင်လည်းဖြစ်တဲ့ သက်ဆင်ကဆိုပါတယ်။

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲနဲ့ပတ်သက်ပြီး​တော့ ဆွေး​နွေးတာမရှိခဲ့ဘူးလို့သူကဆိုပါတယ်။​ စစ်တပ်နဲ့ ​လက်နက်ကိုင်အဖွဲ့​တွေ​ဆွေး​နွေးတာ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေလွှတ်​ပေးတာ​တွေကို ရွေး​ကောက်ပွဲမတိုင် လုပ်ရမှာဖြစ်ပြီး ဒါ​တွေမရှိပဲနဲ့ ​ရွေး​ကောက်ပွဲဖြစ်လာမယ်လို့ သူမယုံကြည်ဘူးလို့လည်း​ပြောပါတယ် ။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ အင်္ဂပူ၊လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့်ပုသိမ် - မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။

သတင်း

ကလေးများအပါအဝင် လူပေါင်း ၁၈၀ခန့် ‌သေဆုံးနေသော ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးခဲ့သည့် တိုက်ခိုက်မှုများအား ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံလိုက်သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြုံရပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူ သေဆုံးထိခိုက်မှုများ ဆက်ရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

Facebook