close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ကမ်းလွန်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦးသေဆုံး

နိုင်ငံ အနောက်တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၇ ရက် မနက်ပိုင်းတုန်းက ကမ်းခြေစောင့်တပ်ရဲ့ ကြေညာချက်မှာတော့ ရဟတ်ယာဉ်ပေါ် ပါလာတဲ့ လူနာတစ်ဦးနဲ့ တခြားနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

ရဟတ်ယာဉ်မှူး၊ သူနာပြု တစ်ဦးနဲ့ ရဟတ်ယာဉ် စက်ပြင်ဝန်ထမ်း တစ်ဦးကိုတော့ ပင်လယ်ပြင်မှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ သူတို့ကို ရှာတွေ့ချိန်မှာ သုံးဦးစလုံး ခန္ဓာကိုယ် အပူချိန် ကျဆင်းနေပေမယ့် သတိရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ သုံးယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဂျပန် ပြည်စောင့်တပ်ရဲ့ ရဟတ်ယာဉ် တစ်စီးက ရှာတွေ့ပြီး ဆယ်ယူနိုင်ခဲ့ပါတယ်။ သေဆုံးသူတွေဟာ လူနာ၊ လူနာရှင်နဲ့ ဆရာဝန်တစ်ဦးတို့ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် ပျက်ကျမှု သတင်းကို ရရချင်း ဂျပန် ကမ်းခြေစောင့်တပ်ဟာ လေယာဉ်နှစ်စီးနဲ့ သင်္ဘော သုံးစီးကို အခင်းဖြစ်ရာ ရေပြင်ဆီ စေလွှတ်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်စေခဲ့ပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

ရဟတ်ယာဉ်ဟာ အသက် ၈၆ နှစ်အရွယ် လူနာ အမျိုးသမီး တစ်ဦးကို သယ်ဆောင်ရင်း နာဂါဆာကီကနေ ပျံတက်ပြီး ဖူကူအိုကာမှာရှိတဲ့ ဆေးရုံတစ်ခုဆီ သွားရောက်ချိန်မှာ ပျက်ကျခဲ့တာလို့ သိရှိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

Trending

Facebook