close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်ခွင့် ပိတ်ပင်ထားတဲ့ အစ္စရေးကို အာရပ်နိုင်ငံတွေ ရှုတ်ချ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

မတ်လ ၂ ရက်နေ့မှာ အီဂျစ်နဲ့ ကာတာ အစိုးရတွေက အစ္စရေးဟာ လက်ရှိ အသက်ဝင်နေဆဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ အကြီးအကဲ တွမ်ဖလက်ချာက အဲဒီ အခြေအနေဟာ အတော် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာဆီ ပေးပို့တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ရန်သူတော် ဟားမားစ် ပြောက်ကျား တပ်ဖွဲ့တွေက ခိုးယူနေတာကြောင့် သူ့နိုင်ငံဟာ လုပ်သင့် လုပ်ထိုက်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။

နောက်ပြီး ပါလက်စတိုင်း လက်နက်ကိုင် အင်အားစု ဟားမားစ်ဟာ အမေရိကန်က ဦးဆောင် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒုတိယ အဆင့်ကို သက်တမ်းတိုး အကောင်အထည်ဖော်ဖို့ ပယ်ချခဲ့တယ်လို့လည်း နေတန်ညာဟုက စွပ်စွဲခဲ့ပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်ဟာ မတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ လူသားချင်း စာနာမှု အထောက်အပံ့ လမ်းကြောင်းတွေကို အစ္စရေးက ပိတ်ထားလိုက်တာဟာ အပေါစားဆန်တဲ့ အကျပ်ကိုင်မှု တစ်ခု၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် နိုင်ထက်စီးနင်းပြုမှု တစ်ခုလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ဟာ ၁၅ လကြာ ဖြစ်ပွားခဲ့တဲ့ ဂါဇာ စစ်ပွဲကို ရပ်တန့်စေခဲ့ပြီး အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၉၀၀ လောက်ကို သုံ့ပန်းချင်း လဲလှယ်နိုင်ခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့မှာတော့ ဂါဇာကို ပို့ဆောင်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပစ်လိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ရှုတ်ချကြောင်း ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒါဟာ အပစ်ရပ် သဘောတူညီမှုနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို အတိအလင်း ချိုးဖောက်တဲ့ လုပ်ရပ်လို့ ကာတာက စွပ်စွဲပါတယ်။

အီဂျစ်ကလည်း အစ္စရေးဟာ ပါလက်စတိုင်း ပြည်သူတွေ အငတ်ဘေးသင့်မယ့် အခြေအနေကို လက်နက်တစ်ခုလို အသုံးချနေတာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အီဂျစ်ရော၊ ကာတာပါ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင် စေ့စပ် ညှိနှိုင်းပေးခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားကလည်း ထောက်ပံ့ရေး ပစ္စည်းတွေ အစ္စရေးက ပိတ်ဆို့တဲ့ ကိစ္စကို ရှုတ်ချဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုရေးရာ အကြီးအကဲ ဖလက်ချာကတော့ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ လူ့အသက်တွေကို ကယ်ဆယ်ရာမှာ အင်မတန် အရေးကြီးတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့ နေရာတွေဆီ အဟန့်အတားမရှိ ပေးပို့နိုင်ဖို့ လိုကြောင်း ပြောပါတယ်။

ဟားမားစ်တွေကတော့ အဲဒီ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ကြားဖြတ် ခိုးယူနေတယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသကို ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေး တင့်ကားတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံက ဘတ်စ်ကားတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး မီးစွဲလောင်ခဲ့တဲ့ ကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ ရဲတပ်ဖွဲ့က သံသယရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို အစ္စရေးဖက် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကူအညီတွေနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ လုပ်စရာ ကိစ္စတွေကို လက်စသတ်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။