close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် တိုက်ခိုက်ခဲ့တဲ့နေ့က ကြုံခဲ့တဲ့ တုံ့ပြန်ပုံ အားနည်း ညံ့ဖျင်းမှုတွေကို အစ္စရေးစစ်တပ် အစီရင်ခံဖော်ပြ

ဟားမားစ်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ နေ့တုန်းက ကြုံတွေ့ခဲ့တဲ့ စီမံခန့်ခွဲမှု အမှားတွေ၊ တုံ့ပြန်ပုံ လွဲချော်တာတွေ၊ ပျက်ကွက်တာတွေအကြောင်း အစ္စရေးစစ်တပ် (IDF)က ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဟားမားစ်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ နေ့တုန်းက ကြုံတွေ့ခဲ့တဲ့ စီမံခန့်ခွဲမှု အမှားတွေ၊ တုံ့ပြန်ပုံ လွဲချော်တာတွေ၊ ပျက်ကွက်တာတွေအကြောင်း အစ္စရေးစစ်တပ် (IDF)က ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲထားရေး ပထမအဆင့် သတ်မှတ်ကာလ ပြီးဆုံးခါနီးမှာ အစ္စရေးက စာမျက်နှာ ၁၉ မျက်နှာပါတဲ့ အဲဒီ အစီရင်ခံစာကို ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာတော့ ဂါဇာမှာ စစ်ပွဲကြီး ဖြစ်ပွားစေခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ IDFရဲ့ အမှားကျူးလွန်မိပုံတွေကို ဖော်ပြထားခဲ့ပါတယ်။

IDFရဲ့ အစီရင်ခံစာမှာတော့ အစ္စရေး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ရမယ့် ရည်မှန်းချက်အတွက် ပျက်ကွက်ခဲ့တယ် ဆိုတာကို ကောက်ချက်ရေးဆွဲထားခဲ့ပါတယ်။

ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဟာ နယ်စပ်ကို အလစ်အငိုက် ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ၂၅၁ ဦးက ဓားစာခံအဖြစ် ဂါဇာကို ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရပါတယ်။ အဲဒီ ကိစ္စကို အစ္စရေးက စစ်ရေးအရ အပြင်းအထန် တုံ့ပြန်ရာက ဂါဇာစစ်ပွဲ အစပြုခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့ကျမှသာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ အစီရင်ခံစာမှာ တအံ့တဩ ဖြစ်လောက်မယ့် အချက်အလက် အသစ်တွေ မပါပေမယ့် လက်နက်ကိုင် ၅၀၀၀ လောက်ဟာ အစ္စရေး ပိုင်နက်ကို စီးနင်း ဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့ ဟားမားစ်တွေရဲ့ စစ်ဆင်ရေး ရည်မှန်းချက်ကို IDFရဲ့ သုံးသပ်ပုံ မှားယွင်းခဲ့တာတွေ၊ ရန်သူဖက်က လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်မိခဲ့တာတွေ အကြောင်းကိုတော့ IDF ကိုယ်တိုင်က အစီရင်ခံပြထားပါတနယ်။

အစီရင်ခံစာအရ အစ္စရေးဟာ အီရန်စစ်တပ်၊ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ ယှဉ်ရင် ဂါဇာဖက်က ခြိမ်းခြောက်နိုင်ခြေကို ဒုတိယ အဆင့်မျိုးသာ သတ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး ဟားမားစ် တပ်ဖွဲ့ဝင်တွေ ကျူးကျော်လာတဲ့ အချိန်မှာ IDFဟာ ပဋိပက္ခ တုံ့ပြန် ထိန်းချုပ်ရေး စံနှုန်းမျိုးနဲ့ ကနဦး တုံ့ပြန်ဖို့ ရွေးချယ်မိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဟားမားစ်ဟာ ဧရာမ စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာစေနိုင်တဲ့ အခြေအနေမျိုးကို မလိုလားလောက်ဘူးလို့လည်း IDFက လျှော့တွက်ခဲ့မိပါတယ်။

အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတချို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟားမားစ်ဟာ ၂၀၁၈ ကစလို့ ကြီးကြီးမားမား တစ်ခုခုကို ကြံစည်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမဲ့ IDFဟာ ဟားမားစ်ရဲ့ လုပ်ဆောင်မှုတွေဟာ လက်တွေ့ သိပ်မကျမသလို အဖွဲ့အစည်းရဲ့ ရေရှည် ရည်မှန်းချက်ကိုသာ ကိုယ်စားပြုပြီး အစ္စရေးကို ချက်ချင်းလက်ငင်း မခြိမ်းခြောက်နိုင်ဘူးလို့ မှတ်ယူခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဟာ ဂါဇာမှာ အင်အား အလုံးအရင်းနဲ့ စစ်ဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၄၈၀၀၀ ကျော် သေဆုံးခဲ့သလို ဂါဇာဒေသ တစ်ခုလုံးနီးပါး စစ်ဒဏ်ကြောင့် ညက်ညက်ကျေခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ပြီး ရက်ပိုင်း အကြာမှာတော့ IDFရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလီဗီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က IDFရဲ့ ပျက်ကွက် အားနည်းမှုတွေကို တာဝန်ခံပြီး ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေက ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးခဲ့တဲ့နောက် အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို အစ္စရေးဖက် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မူလ သဘောတူထားတဲ့အတိုင်း သုံ့ပန်း အလဲအလှယ် ကိစ္စတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ဂါဇာကမ်းမြှောင် ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျား အဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။