close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ် အထိနာ၍ ပြန်ဆုတ်သွား၊ တိုက်ပွဲပြင်းထန်ပြီး ရဲဘော်လေးဦး ကျဆုံး

တိုက်ပွဲပြင်းထန်ပြီး ရဲဘော်လေးဦး ကျဆုံး

မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-မိုးဗြဲ PDF

ရဲခေါင်/People’s Spring

ကရင်နီ – ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာသော်လည်း အထိနာ၍ ပြန်ဆုတ်ခွာသွားကြောင်း MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်သည်။

ထိုးစစ်ကိုခုခံသည့်တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးကျဆုံးခဲ့ရကြောင်း ဖော်ပြသည်။

“မနေ့က စကစဘက်က လေကြောင်းရော၊ဒရုန်းရော၊လက်နက်ကြီးရော အကုန်သုံးတာ။အခု ဒီမနက်လည်း လက်နက်ကြီး မနက်မိုးမလင်းခင် ကတည်းက ပစ်နေတာ”ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၄ နိုဝင်ဘာကစ၍ ခမရ(၄၂၂)တပ်ရင်းတွင် အင်အားဖြည့်တင်းပြီးနောက် မိုးဗြဲမြို့တွင်း၌ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိကာ ယမန်နေ့က တိုက်ပွဲအတွင်း PDF ၊ KNDF ၊ တပ်ပေါင်းစုများနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း အသိပေးသည်။

ခြေမြန်တပ်ရင်းအမှတ် (၄၂၂)တပ်သည် မိုးဗြဲ မြို့၏ အနောက်မြောက်ဘက်ခြမ်း တွင်ရှိပြီး မြို့နှင့် နှစ်မိုင်ကျော်သာကွာဝေးသည်။

တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်ရင်း၊တပ်ဖွဲ့များက ထုတ်ပြန် အသိပေးခြင်းမရှိသေးပေ။

ထို့အပြင် မိုးဗြဲမြို့တိုက်ပွဲဖြစ်စဥ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူနှင့် တပ်ပေါင်းစုဘက်က မပြောသေးပေ။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သည့်အပြင် စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့ကို ပြန်ရရန်ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှ သေဆုံးမှုများနေကြောင်းဖေဖော်ဝါရီ တတိယပတ်တွင် KNDFက ထုတ်ပြန်ထားသည်။

သေဆုံးမှုများနေသည့် စစ်ကောင်စီက မိုးဗြဲမြို့ကို မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက်နက်များဖြင့် တိုက်ခိုက်နေကြောင်းလည်း KNDF မိုးဗြဲဇုန်တပ် ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို

သတင်း

စစ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဓညဝတီရေတပ်စခန်းကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့်အတူ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များစေလွှတ်နေဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ တာဝန်ရှိသူက ပြောသည်။