close
Connect with us

Hi, what are you looking for?

သတင်း

မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို

ရဲခေါင်/People’s Spring

မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ပြောသည်။

ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းကစပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေခြင်းဟု သိရသည်။

“အဲဒီစကစ စစ်ကြောင်း လုံးလုံး ပိတ်မိသွားတာ။ ဂျက်တွေနဲ့ရော ရဟတ်ယာဥ်နဲ့ပါ စစ်ကူလာပေးရတယ်။ အခုထိလည်း တိုက်ပွဲက မပြီးသေးဘူးကြားတယ်”ဟု ရေစကြိုမြို့အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ရေစကြိုနှင့် မြိုင်မြို့နယ်ဒေသအစပ်၌ တိုက်ပွဲ ဖြစ်ပွားမှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက အတည်ပြုသည်။

မြောက်မြို့နယ်အခြေစိုက် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ကလည်း မြောက်နယ်သားများ တိုက်ပွဲဖော်ဆောင်ထားပြီး သတင်းကောင်းများ လာမည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ၊ အရှင်ဖမ်းဆီးရမှုများ၊ လက်နက်များလည်း ရရှိကြောင်းနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း ဆက်လက်အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများကြဲပြီး မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ကျေးရွာ အရှေ့ဘက် ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လက်အောက်ခံ ရဲ၁၁ဦး သေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော တာဝါတိုင်းကုန်းရုပ်သံထပ်လွှင့်ရုံစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။