close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျ ကမ်းလွန်မှာ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှု တောင်းပန်စရာ အကြောင်းမရှိဘူးလို့ တရုတ်သံအမတ်ပြော

ဩစတြေးလျ ကမ်းလွန်ရေပြင်မှာ တရုတ်ရေတပ်က စစ်ရေး လေ့ကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှ တောင်းပန်စရာ မလိုဘူးလို့ ဩစတြေးလျ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဩစတြေးလျ ကမ်းလွန်ရေပြင်မှာ တရုတ်ရေတပ်က စစ်ရေး လေ့ကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှ တောင်းပန်စရာ မလိုဘူးလို့ ဩစတြေးလျ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်ရေတပ် သင်္ဘော ၃ စီးဟာ ဩစတြေးလျနဲ့ နယူးဇီလန်ကြားက တက်စ်မန် ပင်လယ်ပြင်မှာ ခဲယမ်းမီးကျောက် လက်နက် အစစ်တွေကိုပါ အသုံးပြုပြီး စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။ အဲဒီ တရုတ် ရေတပ် စစ်ရေးလေ့ကျင့်ရာ ရေပြင်ကို အရပ်ဖက် လေကြောင်းလိုင်းတွေ ရှောင်ကွင်း ပျံသန်းဖို့ ဩစတြေးလျနဲ့ နယူးဇီလန် အစိုးရတွေက ညွှန်ကြားခဲ့ရပါတယ်။

ပြီးတော့ တရုတ် ရေတပ်ဟာ စစ်ရေးလေ့ကျင့်မယ့် ကိစ္စကို ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘဲ ခရီးသည်တင် လေယာဉ်မှူး တစ်ဦးကသာ ရေတပ်သင်္ဘော အစုအဖွဲ့ကို စတင် သတိပြုမိခဲ့ပြီး ဩစတြေးလျ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း နှစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို မထိပါးခဲ့ပေမယ့် မူမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်သလို အရပ်ဖက် လေကြောင်းနဲ့ ရေကြောင်း သွားလာမှုတွေကို အန္တရာယ် ကျရောက်စေနိုင်တယ်လို့ ဩစတြေးလျက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ ဩစတြေးလျ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှောင်ကျင်းက အဲဒီကိစ္စကို ဆွေးနွေးခဲ့ပြီး တရုတ်ရဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီသလို နိုင်ငံတကာ ကျင့်ထုံးတွေနဲ့အညီ ကြိုတင် သတင်းပေးပို့ အကြောင်းကြားမှုတွေ ရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်က စိတ်မကောင်းဖြစ်စရာ၊ နောင်တရစရာ ဘာမှ မရှိဘူးလို့ ခံစားမိကြောင်း၊ တောင်းပန်ဖို့တော့ လုံးဝတောင် မစဉ်းစားမိကြောင်း တရုတ် သံအမတ်က ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

စစ်ရေး လေ့ကျင့်မှုတွေရဲ့ သဘောသဘာဝနဲ့ အရွယ်အစားတွေဟာ နိုင်ငံတစ်ခုနဲ့ တစ်ခုကြားမှာ ကွဲပြားနိုင်ကြောင်း၊ တရုတ်ရေတပ်ရဲ့ လုပ်ထုံးလုပ်နည်း အားလုံးဟာလည်း သင့်တင့်လျောက်ပတ်တယ်လို့ သူက ယုံကြည်ကြောင်း ရှောင်က မှတ်ချက်ပေးခဲ့ပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်တွေ စာရင်းမှာ ပါဝင်တဲ့ ဩစတြေးလျကို ထိခိုက်မှု မရှိစေခဲ့ကြောင်း၊ ပြီးတော့ ဩစတြေးလျ အစိုးရဟာ ဒေသတွင်း ရေပြင်မှာ တရုတ် စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမှုကို ပိုမို မျှော်လင့်ထားသင့်ကြောင်းလည်း သူက ဆိုပါတယ်။

ဖေဖော်ဝါရီ လဆန်းလောက်ကစလို့ ဩစတြေးလျ ကမ်းလွန်ရေပြင်ဆီ ခုတ်မောင်း ရောက်ရှိလာတဲ့ တရုတ် ဖရီးဂိတ် သင်္ဘောတစ်စီး၊ ခရူဇာ စစ်သင်္ဘော တစ်စီးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ရေယာဉ်တစ်စီး ပူးပေါင်းပြီး တက်စ်မန် ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ရက်အတော်ကြာအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ