close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ အိမ်ဖြူတော်မှာ ထရမ့်နဲ့ မာခရွန် တွေ့ဆုံဆွေးနွေး

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်းဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်းဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်က ယူကရိန်း စစ်ရပ်ဆိုင်းရေး ကိစ္စအတွက် အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဥရောပ နိုင်ငံတွေနဲ့ ယူကရိန်းကိုပါ ကျောခိုင်းပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက် ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် ပြင်သစ် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ယူကရိန်း စစ်ပွဲ ၃ နှစ်တိတိပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြင်သစ် သမ္မတ မာခရွန်က အမေရိကန်ကို သွားရောက်ပြီး ထရမ့်နဲ့ ဆွေးနွေးခဲ့တာပါ။

ထရမ့်က စစ်ပွဲရပ်ဆိုင်းသွားပြီးရင် ယူကရိန်း လုံခြုံရေးအတွက် အာမခံချက် ပေးနိုင်မယ့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ ယူကရိန်းမှာ ဖြန့်ကျက်ထားရေးဆိုတဲ့ စိတ်ကူးကို ရုရှားကလည်း သဘောတူလိမ့်မယ်လို့ မာခရွန်နဲ့အတူ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မာခရွန်ကလည်း အဲဒီကိစ္စအတွက် ဥရောပ နိုင်ငံတွေက တာဝန်ယူ အကူအညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းကတော့ ရုရှား အစိုးရဟာ စစ်ရပ်ဆိုင်းရေး ညှိနှိုင်းမှုမှာ ယူကရိန်း ပိုင်နက်ထဲ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေ ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို သဘောတူမှာ မဟုတ်ဘူးလို့ ပြောကြားထားပေမယ့် ထရမ့်ကတော့ အဲဒီ လုပ်ထုံးလုပ်နည်းကို ရုရှားက လက်ခံပေးလိမ့်မယ်လို့ ပြောကြားခဲ့တာပါ။

ပူတင်ဟာ အဲဒီ ကိစ္စကို လက်ခံမှာပါလို့ ထရမ့်က မာခရွန်ကို ပြောပါတယ်။ ဖုန်းဆက် ဆွေးနွေးချိန်မှာ အဲဒီကိစ္စကို အလေးထား မေးမြန်းခဲ့ပြီး ပူတင်ကလည်း ပြဿနာ မရှိပါဘူးလို့ တုံ့ပြန်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

မာခရွန်ကလည်း ယူကရိန်း ငြိမ်းချမ်းရေးအတွက် အဖြေရှာခြင်း ဆိုတာဟာ ယူကရိန်းကို အရှုံးပေးစေတာမျိုး မဖြစ်ဖို့တော့ လိုကြောင်း၊ တစ်နည်းအားဖြင့် လုံခြုံရေး အာမခံချက် ဘာမှမရှိတဲ့ အပစ်အခတ် ရပ်စဲမှုမျိုး မဖြစ်ဖို့ အရေးကြီးကြောင်း ထရမ့်နဲ့ အတူယှဉ်တွဲရင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်က ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ပေးနိုင်တယ် ဆိုတာမျိုး အတိအလင်း မပြောခဲ့ဘဲ ယူကရိန်း ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းဖို့ လိုအပ်မယ့် အရင်းအမြစ်တွေကို အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ ဥရောပ နိုင်ငံတွေကပါ စုပေါင်းကျခံဖို့ လိုမယ်လို့ မှတ်ချက်ပေးသွားပါတယ်။

မာခရွန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက အမေရိကန် သမ္မတအဖြစ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးတဲ့နောက်ပိုင်း အိမ်ဖြူတော်ကို ရောက်လာတဲ့ ပထမဆုံး ဥရောပ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူက ယူကရိန်းရဲ့ လုံခြုံရေး အာမခံချက်ဟာ ဥရောပဟာ အခန်းကဏ္ဍ တစ်ခုကို ထဲထဲဝင်ဝင် တာဝန်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်စရိတ်တွေ ထောက်ပံ့ခဲ့မှုအတွက် အကျိုးအမြတ် ပြန်ရယူမှုအဖြစ် ယူကရိန်းရဲ့ တွင်းထွက် သယံဇာတ ရင်းမြစ်တချို့ကို ပြန်လည် တောင်းယူထားတဲ့ ကိစ္စ ဆွေးနွေးမှုတွေ အပြီးသတ် သဘောတူညီမှု ရရှိဖို့ အရမ်းနီးကပ်နေပြီ ဖြစ်ကြောင်းနဲ့ သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံနိုင်ခြေလည်းရှိကြောင်း သတင်းထောက်တွေကို အသိပေးသွားခဲ့ပါတယ်။

သူ့အနေနဲ့ ယူကရိန်း ငြိမ်းချမ်းရေးကို အမြန်ဆုံး ရယူပေးဖို့ ဆန္ဒရှိကြောင်း၊ အခြေခံ သဘောတူညီချက်တွေ ရရှိပြီ ဆိုတာနဲ့ လက်တွေ့ အကောင်အထည် ဖော်ရေးအတွက် သူဟာ မော်စကိုထိ သွားရောက်ပြီး ရုရှား သမ္မတ ပူတင်နဲ့လည်း တွေ့ဆုံဖို့ စဉ်းစားထားကြောင်း ထရမ့်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဆိုကို ထောက်ခံ​သောနိုင်ငံများ၍မဲအသားစီးရပြီး အတည်ပြု

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အာဏာရှင် တစ်ယောက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကူအညီတွေနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ လုပ်စရာ ကိစ္စတွေကို လက်စသတ်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သူဦးဆောင်တဲ့ အမေရိကန် အစိုးရရဲ့ ပါဝင် ဆွေးနွေးမှုတွေ အစပြုပြီလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။