close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား သုံးဦးလက်နက်ဖြင့်အလင်းဝင်လာဟု ဆဲန်ထန်တော်လှန်ရေးတပ် SRF အသိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို တွေ့ရစဉ်။ ဓာတ်ပုံ - SRF

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။

ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး ဖေဖော်ဝါရီ ၁၉ရက်တွင် အလင်းဝင်လာပြီး ဖေဖော်ဝါရီ ၂၄ရက်တွင်လည်း စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၄ရက်တွင် MA 1 သေနတ် ၂လက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို SRFမှ လက်ဆောင်အနေဖြင့် ငွေနှင့် အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖေဖော်ဝါရီ ၁၉ရက်က MA 1 ၁လက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ် သိန်း ၄၀ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

“ကျန်ရှိနေသေးသော ရဲဘော်အားလုံးလည်း SRFက အမြဲတမ်း ကြိုဆိုနေကြောင်း ထပ်မံ တင်ပြလိုပါတယ်”ဟု SRFက ထုတ်ပြန်သည်။

ပြည်သူ့ဘက် ကူးပြောင်းလိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ၀၉၂၅၂၀၄၁၈၁၅ သို့ ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

SRFအနေဖြင့် ချင်းပြည်တစ်ခုလုံးဖြစ်စေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးဖြစ်စေ အောင်ပွဲခံနိုင်ရန်အတွက် ပိုမိုအားထုတ်ကြိုးစားသွားမည်ဟုလည်း အသိပေးထားသည်။

ဆဲထန်မျိုးနွယ်စုနှင့် ဒေသအားလုံးကိုယ်စားပြု အဖြစ် Senthang CentralCouncil/ Senthang Revolution Force ကို ၂၀၂၄ ဖေဖော်ဝါရီက ပြုလုပ်သည့် ဆဲထန်လူထုညီလာခံက ဖွဲ့စည်းခဲ့ပြီး ချင်းပြည်ကောင်စီ၊ အခြားသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ်မှန်သမျှ ချေမှုန်းရေး၊ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး တော်လှန်တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းထံ စစ်ကောင်စီတပ်မှ အလင်းဝင် ရောက်လာသူများအနက် PDFတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော်သား (၁၈)ဦးရှိကြောင်း အဆိုပါတပ်ရင်း အသိပေးသည်။

သတင်း

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။