အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။
ယင်းစစ်ကောင်စီတပ်သားသည် အာဏာသိမ်းစစ်ကောင်စီ၏ ယုတ်မာရက်စက် တာဝန်မဲ့ လုပ်ရပ်များ ရွံမုန်းလာသောကြောင့် အလင်းဝင်လာခြင်းဟု ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) ထုတ်ပြန်သည်။
” ဆက်ပြီး သည်းမခံနိုင်လို့ ထွက်လာတာတဲ့။ စစ်တပ်ထဲနေရင်း စစ်တပ်ရဲ့ ယုတ်မာမှုကို သိလာတာ။ တပ်ရင်းကတော့ လိုအပ်တာကူညီထောက့်ပံ့ပေးထားတယ်”ဟု ကလေးခရိုင်မှ ကာကွယ်ရေးထောက်ပို့ပြည်သူတစ်ဦးကပြောသည်။

Public Service Announcement
ဖေဖော်ဝါရီ ၂၂ရက်တွင် အလင်းဝင်လာခြင်းဖြစ်ပြီး ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၉)တပ်ရင်း၊တပ်ရေးအရာရှိမှ ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)ပေးအပ်ချီးမြှင့်လိုက်ကြောင်း ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်နှင့် ဖေဖော်ဝါရီ ၂၄ရက်ကလည်း စစ်ကောင်စီတပ်သား သုံးဦးလက်နက်နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။
