close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ “အထွေထွေဖိနှိပ်မှုကိုအံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စာသားနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေဟာ “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း ကလေးခရိုင် အမှတ်(၁၀)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ (ဖေဖော်ဝါရီ ၂၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၁)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။