ဇော်ရမ်း/People’s Spring
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာအပါအဝင် ပျူစောထီးရွာများမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ရွှေဘိုရွာနှင့်ရေသာရွာကို ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်နေအိမ်များကိုမီးရှို့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး အိမ်ခြေသုံးရာခန့် မီးလောင်ပျက်စီးသွားကြောင်းဒေသခံများကပြောသည့် မြောက်ခင်ရမ်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီး ၂၀၀ခန့်က ယမန် နေ့(မေလ ၁၆ရက်) နံနက်တွင် ရွှေဘိုရွာနှင့်ရေသာရွာကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။
” အသက် ၈၀ အရွယ်အဖိုးတစ်ဦးကိုသတ်သွားတယ်။ နောက်တယောက်ကအသက်၄၀လောက်ရှိမယ်။ မပြေးနိုင်တဲ့သူတွေကိုသတ်သွားတာ” ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့အပြင် ရွှေဘိုရွာမှ အိမ် ၂၆၆လုံး၊ ရေသာရွာမှ အိမ် ၁၅လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

Public Service Announcement

” ခွေးနဲ့ ပျုတွေ ပြန်ထွက်သွားလို့ ဒေသခံတွေကတော့ ရွာကိုခဏပြန်ဝင်တယ်။ ဒါပေမဲ့မနေရဲလို့ ပြန်ထွက်လာကြရတယ်” ဟု ဒေသခံတဦးကပြောသည်။
စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်စစ်ကြောင်းတွင် သေဆုံးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်းလည်းသိရသည်။သေဆုံးဒဏ်ရာရသူများ တိုက်ပွဲဖြစ်နေစဉ် ကားဖြင့်သယ်ဆောင်သွားကြကြောင်း PDF တစ်ဦးကပြောသည်။စစ်ရေးအခြေအနေမှာ ယနေ့ (မေ ၁၇ )အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။
ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ )ကလည်းမေ ၁၇ ညဦးပိုင်းတွင် သတင်းထုတ်ပြန်လာရာဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူရွာ(၁၂)ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးစုစုပေါင်း အင်အား(၂၀၀)ကျော်က မေလ ၁၆ ရက် နံနက်(၆)နာရီအချိန်မှစ၍ ဂန့်ဂေါမြို့နယ်ရှိ သင်တောရွာ၊ ရွှေဘိုရွာနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်အကြမ်းဖက်ခဲ့ကြောင်းဖော်ပြထားသည်။ ထိုစစ်ကြောင်းကရွှေဘိုရွာမှ အသက်(၈၀)ကျော်အမျိုးသားတစ်ဦးနှင့် အသက် (၄၀)ဝန်းကျင် အမျိုးသားတစ်ဦးတို့အား သတ်ဖြတ်ခဲ့ ပြီး ရွှေဘိုရွာမှ ပြည်သူ့နေအိမ်(၂၆၆)လုံးနှင့် ရေသာရွာ မှ ပြည်သူ့နေအိမ် (၁၅)လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ပြည်သူပိုင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများအားခိုးယူသွားခဲ့ကြောင်း အသိပေးထား သည်။
ရွှေဘိုရွာသည် စစ်ကောင်စီတပ်နှင့် ပျူးများ၏ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး အိမ်ခြေ(၅၀၀)ကျော်ရှိသည့်အနက် နေ အိမ်ပေါင်း (၂၉၅)လုံးအား မီးရှို့ ဖျက်ဆီးခြင်းခံထားရကြောင်းလည်းဖော်ပြထားသည်။

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူစောထီးရွာဖြစ်သည်။
၂၀၂၄ ဖေဖော်ဝါရီလက အဆိုပါရွာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့ဖူးသည်။ ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူရွာများမှလူငယ်အများအပြားကိုလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်းဒေသခံအချို့ကပြောသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိသည်။ကျန် ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။
စစ်ကောင်စီနှင့်ပျူများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။
ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့တွင်လည်း ပျူစောထီးများရှိနေခြင်းဖြစ်သည်။
