close
Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ သိမ်းရ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(Yaw Land Operation တွင် ပါဝင်နေသော ဂန့်ဂေါခရိုင်တပ်ရင်း (၁၃)က ရဲဘော်တွေ။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်တပ်ရင်း -၁၃)

မေ -၂၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပေါက်မြို့နယ်ကတဆင့် ဂန့်ဂေါခရိုင်အတွင်း ပေါက် -တပြင်းလမ်းပိုင်းကနေ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ ၂ပတ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

“ သူတို့ဘက်က ထိခိုက်သေဆုံးသူများနေတယ်။လက်နက်ခဲယမ်းကတော့ တချို့တဝက်ရတာရှိတယ်။သေဆုံးတဲ့သူတွေကို မျက်မြင်တွေ့တာတွေရှိတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်က တပြင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရှေ့မတိုးနိုင်သေးလို့ ပေါက်မြို့နယ်က နောက်ထပ်စစ်ကူစစ်ကြောင်းတွေ ဒီကနေ့ မေလ ၂၂ရက်မျာ ထပ်မံရောက်လာတယ်လို့ အသိပေးပါတယ်။

“ နောက်ထပ်အင်အားက ရာဂဏန်းကြီးကြီးနဲ့ ၈၀၀ ဝန်းကျင်လောက်ထပ်တိုးလာတာ တွေ့ရတယ်။အဲဒီစစ်ကူကလည်း ကျောက်တံခါးကိုကျော်ပြီး လက်ရှိတပ်စွဲထားတဲ့ တပြင်းရွာနားကို ရောက်ပြီ” လို့ ဂဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပေါက်-ကျောက်ထုလမ်းပိုင်းထိန်းချုပ်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ Y 12 တွေရော ကင်းထောက်လေယာဥ်တွေရော ဝဲနေတယ်။လေကြောင်းကနေ ခြိမ်းခြောက်တာတွေ ရှိနေတာပေါ့။မျိုးစုံသူတို့ဘက်က ထိုးဖောက်ဖို့ ကြိုးစားနေတာပေါ့။လမ်းပိုင်းကို တော်လှန်ရေးညီနောင်တွေ မဟာမိတ်တပ်ပေါင်းစုတွေက ထိန်းထားနိုင်ဆဲဖြစ်တယ်။ထိတွေ့တိုက်ပွဲကတော့ အချိန်နဲ့အမျှကို ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

မေလဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် (ကပစ-၂၅)ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ဆောမြို့နယ်အတွင်း ဝင်ရောက်ခဲ့ပါတယ်။

လောင်းရှည်မြို့စစ်ကြောင်းဟာ လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့အနီးကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။

ဆောမြို့နယ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁) က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၁၅၀၀ အထိ ဝင်ရောက်ထားပြီး ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဆောမြို့နယ်ကို ချိတ်ဆက်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာနဲ့ စစ်ရေးအရ ဖိအားပေးမယ့်အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆) က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတယ်။

ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA) က ပလက်ဝကိုထိန်း ချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ဒီကနေ့ မေလ ၂၁ရက် ညနေပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

သတင်း

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အနီးမှာ လက်တလော တိုက်ပွဲပြင်းထန်နေကြောင်း ကန်ပက်လက်မြို့ပြည်သူကအုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ဒီကနေ့ မေလ ၂၁ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။