close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို ရေဒါရောင်းချခဲ့တဲ့ Thales ကုမ္ပဏီကို အရေးယူဖို့ ပြင်သစ်အစိုးရကို JFM တောင်း‌ဆို

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

(၂၀၁၆ က KT/Ky-Tha ပိုင်ရှင် မိုးကျော်သောင်းနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ လက်နက်ဝယ်ယူရေးခရီးစဥ်အတွင်း ပြစ်သစ်နိုင်ငံ အီဖယ်မျှော်စင်သို့ သွားရောက်လည်ပတ်စဉ်။ ဓာတ်ပုံ - JFM)

မေ-၂၁၊၂၀၂၆။တေဇ/People’s Spring

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

ပြင်သစ်အစိုးရက တစိတ်တပိုင်း ပိုင်ဆိုင်ထားတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီး Thales က ၂၀၁၇ ကနေ ၂၀၂၀ အတွင်း မြန်မာစစ်တပ်ဆီကို Coast Watch 100 ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံး ကို ထောက်ပံ့ရောင်းချပေးခဲ့တယ်လို့ Justice For Myanmar ရဲ့ အထောက်အထားတွေကို အသုံးပြုထားတဲ့ Disclose နဲ့ Info Birmanie တို့ရဲ့ အစီရင်ခံစာမှာဖော်ထုတ်ထားတာပါ။

ဒီရေဒါ‌တွေကို ပြည်တွင်းဖိနှိပ်နှိမ်နင်းမှု‌တွေမှာ အသုံးပြုနိုင်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ကန့်သတ်ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေးပြုလုပ်ပြီးနောက်ပိုင်း Thales သည် အဆိုပါရေဒါများကို ယူရို ၁၆ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ အကျိုးအမြတ် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ အဆိုပါရေဒါများ၏ အဆင့်မြင့်ရေကြောင်းစောင့်ကြည့်ရေးစွမ်းရည်များကြောင့် ကမ်းရိုးတန်းဒေသများရှိ ရိုဟင်ဂျာများ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်ရာတွင် အသုံးပြုနိုင်ခြင်း၊ ရေတပ်က လှေများကို ကြားဖြတ်တားဆီးခြင်းနှင့် ရိုဟင်ဂျာအရပ်သားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ကို အထောက်အကူပြုခဲ့သည်။” လို့ JFM က ထုတ်ပြန်ထားပါတယ်။

Thales ကုမ္ပဏီနဲ့ အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီရဲ့လက်နက်ပွဲစား ဂျိုနသန်မျိုးကျော်သောင်းမိသားစုပိုင်တဲ့ Ky-Tha Tradingက ကြားခံပွဲစားအနေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျော်သောင်းရဲ့ မိသားစုပိုင်ကုမ္ပဏီတွေဖြစ်တဲ့ KT Group နဲ့ Ky-Tha Groupက စစ်တပ်အတွက် လက်နယ်ဝယ်တဲ့ ကိစ္စတွေအပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ပူးပေါင်းလုပ်ဆောင်နေတာလို့ JFMက ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်အတွက် အခွန်ငွေတွေနဲ့ လက်နက်ဝယ်ယူမှုတွေကို တားဆီးနိုင်ဖို့ KT Group နဲ့ Ky-Tha Group အပါအဝင် ကုမ္ပဏီဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ JFMက တောင်းဆိုထားပါတယ်။

အမေရိကန်အစိုးရက ၂၀၂၂ မှာ KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်းနဲ့ KT Services & Logisticsကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့‌ပေမယ့် သုံးနှစ်အကြာမှာ အဆိုပါစာရင်းကနေ ပြန်လည်ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအစီရင်ခံစာအရ KT Group က စစ်တပ်နဲ့ဆက်လက်ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်‌ဆို့မှုကို ပြန်လည်လုပ်ဆောင်သင့်ပြီး အီးယူ၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း KT Group နဲ့ Ky-Tha Groupကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ လိုအပ်‌နေတယ်လို့ JFMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ဒီကနေ့ မေလ ၂၁ရက် ညနေပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ၅လမ်းဆုံတပ်စခန်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဆုတ်ခွာပေးရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။