close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုခဲ့တဲ့ မြိုင်လူထုညသပိတ်

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုညသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၁ ရက်) ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မေ-၂၁၊၂၀၂၆။ သုည/People’s Spring

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုညသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၁ ရက်) ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မြိုင်မြို့နယ်ဒေသခံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ “ Proof of Life” စာသားတွေကိုင်ဆောင်ပြီး အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြသလို နိုင်ကျဥ်းအားလုံးလွတ်မြောက်ရေးအတွက်လည်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း တိကျတဲ့ သက်သေပြချက်ရရှိရေး နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို ဖိအားပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“ Proof of Life” လှုပ်ရှားမှုကို မြိုင်မြို့နယ်က တော်လှန်ပြည်သူတွေနဲ့ ဆားလင်းကြီးမြို့နယ် – လက်ပံတောင်းတောင်ပင်မသပိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လက်ပံတောင်းတောင်ပင်မသပိတ်

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌ကြောင်း အထောက်အထားပြသဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၁လပြည့်ပေမယ့် စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၀ ရက်) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေပြသမယ့် တော်လှန် သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

သတင်း

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ "PROOF OF LIFE" လှုပ်ရှားမှုကို ဒီကနေ့ (မေ ၁၈ရက်)မှာ ပြုလုပ်ခဲ့ပါတယ်။