မေ-၂၀၊၂၀၂၆။သတိုး/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။
မေလ ၁၉ရက် ည ၁၀နာရီလောက်မှာ နမခကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၅လုံးနဲ့ ပစ်ခတ်ခဲ့တာ နမခအတွင်း ရှော့တိုက်ဒုန်း ၄လုံး ထိရောက်ပေါက်ကွဲခဲ့တယ်လို့ ဒီနေ့ (မေ ၂၀ရက်)မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို NUG ပြည်သူ့ရဲတပ်ဖွဲ့ ၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF) နဲ့အတူ Justice Brothers Force ၊ ရွှေတြိဂံ မဟာမိတ်တပ်ရင်း ၊ ဆားတောင်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ပေါက်ကွဲမှုကြောင့် နမခအတွင်းက စစ်တပ်ဘက်ကအရာရှိတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးသန့် အတည်ပြုနိုင်တာတော့ မရှိပါဘူး။
တော်လှန်ရေးတပ်ဖွဲ့က မုံရွာမြို့က နမခ ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။



















































