close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာကြည့်ရမယ့် တော်လှန်သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေပြသမယ့် တော်လှန် သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

မေ-၁၉၊၂၀၂၆။ဆဏ်း/ People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေပြသမယ့် တော်လှန် သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

အဲဒီပွဲက လက်မှတ်ရောင်းရငွေအားလုံးကို ရန်ကုန်တိုင်း စစ်ဒေသ-၂ ၊ တပ်ရင်း(၅၁၀၃)အတွက် စစ်ရေးဖော်ဆောင်ရာမှာ အသုံးပြုဖို့ ထောက်ပံ့သွားမယ်လို့ အသိပေးထားပါတယ်။

ဒီပွဲကို မြေပြင်‌ဖျော်ဖြေပွဲအနေနဲ့ ဇွန်လ ၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်‌ မွေးနေ့ကျရောက်တဲ့ ဇွန်လ ၁၉ ရက်မှာ အွန်လိုင်းကနေ ပြသသွားမှာပါ။

Public Service Announcement

Public Service Announcement

လက်မှတ်ဈေးနှုန်းအနေနဲ့ ကျပ် ငါးသောင်း သတ်မှတ်ထားပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ နှစ်ပါးသဘင် ပြည်တော်ဝင် ပေ့ခ်ျကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒီပွဲမှာ ပါဝင်တဲ့ တော်လှန်အနုပညာရှင်တွေကလည်း ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေ Live လွှင့်ရောင်းချပေးနေပါတယ်။

ဒီပွဲမှာ CDM တော်လှန်အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး မြန်မာ့ဇာတ်သဘင်ရဲ့ အနှစ်သာရ ရရှိအောင် ဖျော်ဖြေသွားမယ်လို့ ကြေညာထားပါတယ်။

တော်လှန်သဘင်အနုပညာရှင်တွေက ဧပြီလကလည်းမြန်မာဇာတ်ပွဲကြည့်ရအောင် ဖျော်ဖြေပွဲကိုအောင်ဆန်းမျိုးဆက် ရဲဘော်များကို ပံ့ပိုးပေးဖို့ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ "PROOF OF LIFE" လှုပ်ရှားမှုကို ဒီကနေ့ (မေ ၁၈ရက်)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံလန်ဒန်မြို့ပါလီမန်ရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို ​မေ ၁၇ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ဆန္ဒပြတောင်းဆိုလှုပ်ရှားမှု ဒီကနေ့ (မေလ ၁၇)မှာ ပြုလုပ်ခဲ့ကြပါတယ်။