close
Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမှာ တိုက်ပွဲတွေဖြစ်လို့ ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

(မြစ်ခြေဒေသက စစ်ဘေးရှောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာတောအိမ်)

မေ ၂၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

မေလ ၁၉ ရက် မနက်ပိုင်းကစပြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းမှာ စစ်တပ်က စလင်း – ကံပြားလမ်းပိုင်းနဲ့ မြေနီကုန်းကျေးရွာမှာ အထိုင်ချပြီး တပ်ရင်း စိုးမိုးနေရာတွေကို ၀င်ရောက် စစ်ကြောင်းထိုးလာခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းက အသိပေးပါတယ်။

ဒီကနေ့အထိ စစ်ကြောင်းမှာ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဘဲ ချောင်းတောင်ဘက်ကျေးရွာတွေ ၊ စလင်း – ကံပြား လမ်းဘေး ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနိုင်တာ၊ ပြည်သူတွေ တိုက်ပွဲကြား ညပ်မှာ စိုးတာကြောင့် စစ်ကြောင်းပြန်လည်မဆုတ်ခွာခင်အထိ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းက ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ အဓိကကတော့ စလင်းချောင်းရဲ့တောင်ဘက်က ကျေးရွာတွေပါ။ မြေနီကုန်းရဲ့အနောက်နဲ့ မြောက်ဘက်က ကျေးရွာတချို့တွေ ရှောင်တိမ်းနေရပါတယ်။ ဆယ်ရွာခန့်ရှိပြီး ပြည်သူနှစ်ထောင်သုံးထောင်ခန့် ရှောင်တိမ်းနေရပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းက ပေါက်၊ မြိုင်နဲ့ မြစ်ခြေဘက်တွေမှာလည်းစစ်ကြောင်းတွေ ၃ကြောင်းထပ်မနည်း ရှိနေပြီး စစ်ဘေးရှောင် ပြည်သူ ၁သိန်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စားန​ပ်ရိက္ခာ အခက်အခဲအပြင် အပူဒဏ်ကိုပါ ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာဆိုရင် ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ရွာ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ဒီကနေ့ မေလ ၂၁ရက် ညနေပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အနီးမှာ လက်တလော တိုက်ပွဲပြင်းထန်နေကြောင်း ကန်ပက်လက်မြို့ပြည်သူကအုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ဒီကနေ့ မေလ ၂၁ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။