close
Connect with us

Hi, what are you looking for?

သတင်း

ကြယ်ပြောင်းစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ကရင်ပြည်နယ်​၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။

ဧပြီ – ၁၄ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်​၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။

ထိုင်း – မြန်မာနယ်စပ်မျဉ်းအနီးက ကြယ်ပြောင် စခန်းကို မနေ့ (ဧပြီ ၁၃ ရက်) မနက်ပိုင်းက KNU တပ်မဟာ (၇) နဲ့ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ABSDF ဗဟိုဌာနချုပ် ၊ ဒေါင်းတမန်စခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး ။လက်နက်ငယ်တွေ၊ မိုင်းတွေ၊ ခဲယမ်းကျည်ဆံ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံမှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုကိုတော့ မဖော်ပြထားပါဘူး။

ကြယ်ပြောင်ကုန်းစခန်းဟာ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မယ်သဝေါကားလမ်းအနီးက ပွိုင့်-၉၆၂ စခန်းရဲ့ ကာကင်းစခန်းတစ်ခုပါ။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံ လှိုင်းဘွဲမြို့နယ်အခြေစိုက် ခလရ(၂၈)တပ်ရင်းရဲ့ ရှေ့တန်းစခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မနေ့က စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့သေးတယ်လို့ KNU စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ – ABSDF

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။