close
Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်မှာ ‌ဆောက်ထားတဲ့ ဗဟိုမဏ္ဍပ်ပြိုကျ

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။

ဧပြီ-၁၂၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။

ည ၉ နာရီလောက်မှာ ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အဲဒီ့နေရာကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ အသိပေးထားပါတယ်။

“ လူတစ်ဦး ဦး‌ခေါင်းထိခိုက်ဒဏ်ရာရကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြိုကျသွားတဲ့ သစ်သားတွေကို လူအင်အားသုံး ဆွဲထုတ်နေပြီး ညတွင်းချင်းအပြီးဆောက်ဖို့ စစ်တပ်ကဖိအားပေးနေတယ်လို့ သိရပါတယ်။

မဏ္ဍပ်ပြိုကျတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးသတင်းအထူးတပ်ဖွဲ့-ပုသိမ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် သတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် စစ်တပ်က အေးကျော်ကို တာဝန်ပေးတဲ့ ဧပြီ ၁၀ ရက်မှာ တိုင်းဒေသကြီးအစိုးရရုံးအနီးမှာရှိတဲ့ ဂက်စ်အိုးဆိုင် မီးလောင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးမီးလောင်သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ့မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ခန်းတွေ အပါအဝင် အဲဒီ့နေရာကဆိုင်ခန်း‌တွေ ကို နှစ်ရက်အတွင်း အပြီးဖြတ်ဖို့ စစ်တပ်က ဖိအားပေးမှုတွေရှိတယ်လို့လည်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဧပြီ ၁၁ ရက်မှာပြုလုပ်တဲ့အစည်းအဝေးမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကိုတွေကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့စစ်တပ်က ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ပြီး သင်္ကြန်ပွဲတော်စည်ကားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြမှုကို ဒီကနေ့ (ဧပြီ ၁၁) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။

သတင်း

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားများအားလုံးကို ဆုမွန်ကောင်းတောင်းကြောင်း အမေရိကန်၊ ကနေဒါ၊ ဥရောသမဂ္ဂနိုင်ငံတွေက ထုတ်ပြန်ထားပါတယ်။