close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကိုနဖူးနဲ့ပါးမှာ တက်တူးထိုးပြီး ရှေ့တန်းပို့နေ

ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။

AA ထံအလင်းဝင်တဲ့စစ်သား​တွေ နဲ့ နဖူးမှာ တက်တူးထိုးခံရတဲ့ ​ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ​ရောက်တဲ့စစ်သား​တွေ ။ဓါတ်ပုံ-AA Info Desk

ဧပြီ-၁၁၊၂၀၂၆။ကဖေး/People’s Spring

ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။

စစ်တပ်က ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့နယ်အချို့ကနေ ပေါ်တာဆွဲပြီး ကပစ(၁၆) စစ်မြေပြင်ကို ပို့လိုက်သူတွေက ထွက်ပြေးလာပြီး အလင်းဝင်လာကြတာပါ။ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေရဲ့ထုတ်ဖော်ဝန်ခံချက်ကို AAက ဧပြီလ၁၁ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးသူတွေကို ပြန်ဖမ်းပြီးတပ်ရင်းနံပတ်တွေကို နဖူးမှာတက်တူးထိုးပြီး ပါးမှာစစ်ပြေးလို့ တက်တူးထိုးခံရတယ်လို့ အလင်းဝင်စစ်မှုထမ်းတွေက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

“ ကျွန်​တော်တို့ကို အိမ်လည်းပြန်လို့မရ​အောင် ၊အိမ်မှာလည်း ​နေလို့မရအောင် ဒီလိုမျိုး​တွေထိုး​ပေးထားတာဖြစ်ပါတယ် ။ဒီလိုတပ်ရင်းနမည်​တွေထိုးလိုက်​တော့သူတို့လည်းအလွယ်တကူဖမ်းရတယ်။

ကျွန်​တော်တို့ကိုလည်း မြို့​ပေါ်မှာအလွယ်တကူ​နေမရ​အောင် ထိုင်လို့မရ​အောင်ကျွန်​တော်တို့ကိုလုပ်ပါတယ် ။​နောက်ထပ် ထွက်မ​ပြေး​အောင်လည်း​ရှေ့ပွိုင့်ကိုပို့လိုက်ပါတယ်” လို့ မန္တ​လေးမြို့ မှာ​ပေါ်တာဆွဲခံရပြီး စစ်ထဲ​ရောက်ကာ ထွက်​ပြေးလို့ဆိုပြီးစစ်တပ်က နဖူးမှာ တပ်ရင်းအမည်​တက်တူးရေးထိုး​ပေးခံရတဲ့ တပ်သား​​ကျော်မိုးဝင်းက​ပြောပါတယ် ။

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ပန်းတောင်းမြို့က ၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ကပစ(၁၆)ကို ဦးတည်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ် နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါထပ်မံဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်ကောင်စီကလေကြောင်းကနေနေ့စဉ် ဗုံးကြဲပြီး ခုခံနေတယ်လို့ သတင်းရရှိပါတယ်။

စစ်မှုထမ်းဥပဒေအကြောင်းပြပြီးမတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ အလင်းဝင်ကြဖို့နဲ့ လိုအပ်တာအကူအညီပေးမယ်လို့ AAနဲ့ မဟာမိတ်တွေကသတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ဖွဲ့စည်းခြင်း (၁၇)နှစ်မြောက်နေ့ အခမ်းအနားသဝဏ်လွှာနဲ့ နှုတ်ခွန်းဆက်စကား အသီးသီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းအားလုံးကို အာရက္ခပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

သတင်း

အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခတိုင်းပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဗဟိုပြုတည်ဆောက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်မွေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ မှာကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခွင့်အရေး တခုဖြစ်ခဲ့ကြောင်းအာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ စစ်အင်အား တောင့်တင်းအောင်လုပ်ဆောင်ဖို့ဒီက​နေ့တိုက်တွန်းလိုက်ပါတယ်။