close
Connect with us

Hi, what are you looking for?

သတင်း

နှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် မေတ္တာပို့ပေးကြဖို့ NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ မေတ္တာရပ်ခံ

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

(၂၀၁၈ သင်္ကြန်အတက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတကတော်တို့ဟာ သပြေခက်၊ ပိတောက်ခက်တွေနဲ့ အပြန်အလှန် ရေပက်ဖြန်းနေစဉ်။ ဓာတ်ပုံ − အတိုင်ပင်ခံရုံး)

ဧပြီ ၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး၊ မြန်မာနိုင်ငံသားများအားလုံး ကျန်းမာဘေးကင်းစေရေးအတွက် ကဆုန်လဆန်း(၂)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နှစ်သစ်ကူးအခါသမယမှာ ဆုတောင်းမေတ္တာ ပို့သပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တွေက တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။

အဲဒီလိုဆုတောင်းရာမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးကျန်းမာကြပါစေ၊ ဘေးဘယာဒုက္ခအန္တရာယ်အသွယ်သွယ်မှကင်းဝေးကြပါစေ စတဲ့ ဆုတောင်းစကားတွေနဲ့ ဆုတောင်းဖို့ နှိုးဆော်ထားတာပါ။

Public Service Announcement

Public Service Announcement

သပြေပန်း၊ နှင်းဆီပန်း(သို့မဟုတ်) မိမိကြိုက်နှစ်သစ်ရာပန်းတွေ ကိုင်ဆောင်တာ၊ ပန်ဆင်တာ ပြုလုပ်ပြီး တစ်မိနစ်ခန့်ကြာတဲ့ ဆုမွန်ကောင်းတောင်းတဲ့ ဗွီဒီယိုဖိုင်ကို လုံခြုံရေး အပေါ် မူတည်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အခု NLD လူငယ်အဖွဲ့ရဲ့ ပြည်သူသို့ ပန်ကြားလွှာကို NLDဗဟို ဖေ့စ်ဘွတ်ခ် စာမျက်နှာကလည်း ဖော်ပြထားပါတယ်။

NLD အနေနဲ့လည်း အခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြုတဲ့ စာနဲ့ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ ဆက်တိုက်ဖော်ပြလျက်ရှိပါတယ်။

” စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကိုဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်” လို့လည်း NLDက ပြီးခဲ့တဲ့ ၄ရက်လောက်က ထပ်လောင်း ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင်တွေ ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၉ရက်အထိ ရက်ပေါင်း ၁၈၉၄ ရက် ကြာမြင့်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body - PCB)က ဒီကနေ့ မတ်လ ၃၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်တင်တင်နု သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။