close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းက ဗုံးကြဲ

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

ဧပြီ-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

ဒီနေ့ ဧပြီ ၁၁ရက် နေ့လယ်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ‌ဒရုန်းနဲ့ဗုံးကြဲအပြီး နာရီဝက်ခန့်အကြာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ဗျူဟာကုန်းပေါ်က ချက်ကောင်းကို ထိတာ။ သေဆုံးမှုတွေရှိလို့ လေကြောင်းကနေ လာကြဲတာနေမယ်။ လေကြောင်းက လာပြီဆို သူတို့ ထိလို့ပဲ” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသမှာ တိုက်ပွဲတတကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီ၂ရက်နဲ့ ဧပြီ ၉ရက်ကလည်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဧပြီ ၂ရက်ကတိုက်ပွဲအတွင်းမှာ ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကထိခိုက်သေဆုံးမှုများသလို KIA၊KPDFဘက်မှာလည်း အထိအခိုက်ရှိခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကလည်း လမ်းပိုင်းအချို့ကို ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ဖားကန့်ဒေသကို စစ်တပ်က အင်အားထပ်ဖြည့်နေပြီး KIA၊KPDF ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာနိုင်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်ဗျူဟာကုန်းမှာ စစ်တပ်က သင်္ကြန်အကြိုနေ့ပွဲလုပ်နေစဉ် ချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ဒရုန်းနဲ့ဗုံးကြဲရာ ထိခိုက်သေဆုံးမှုတွေရှိလို့ စစ်တပ်က ဖားကန့်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

ဆောင်းပါး

တောင်ကုန်းတောင်တန်းထက်မှာ သီးသန့်ဆန်ဆန် တည်ရှိနေတဲ့ ဒီနှစ်ထပ်အိမ်ကလေးကတော့ မြင်ရသူအပေါင်းကို ပန်းရောင်ခြယ် အလှတရားတွေနဲ့ ဆွဲဆောင်နေပါတယ်။သစ်သားနဲ့ သွပ်မိုးကို အသုံးပြုပြီး မြန်မာ့ကျေးလက်ဟန်နဲ့ ခေတ်သစ်ဗိသုကာကို ရောယှက်တည်ဆောက်ထားတာဖြစ်ပြီး အိမ်ရှေ့က ဝရန်တာကျယ်ကျယ်နဲ့ အညိုရောင် တံခါး၊ ပြတင်းပေါက်ကလေးတွေက အိမ်ရဲ့ ရိုးရှင်းတဲ့ အလှကို ပိုမိုပေါ်လွင်စေပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။