close
Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နားမှာ တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။

(သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ငါးပြေမပြောက်ကျားတပ်ဖွဲ့)

ဧပြီ-၁၀ ၊ ၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။

အင်အား ၅၀ဝန်းကျင်ပါတဲ့ အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၇)က စစ်တပ်စစ်ကြောင်းကို ဧပြီ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နတ်မောက်ပကဖ နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နာရီဝက်ကြာတဲ့ ထိတွေ့မှုမှာ စစ်တပ်က ဗိုလ် ကြီးအဆင့်အပါအဝင် ၈ဦး ထိခိုက်သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ လဲဘူး၊ကပေါင်းကုန်းရွာကနေ နတ်မောက်မြို့ထဲ ဝင်မယ့်လမ်းပိုင်းမှာရှိတဲ့ ကုလာရှင်ရွာနားမှာ ကြားဖြတ်တိုက်တာ” လို့ နတ်မောက် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ နတ်မောက်မြို့နယ်အရှေ့ခြမ်းကို မြို့သစ်မြို့နယ် နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ ဧပြီ ၁ ရက်ကစလို့ ယနေ့(ဧပြီ ၁၀ ရက်)အထိ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းမှာ မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့ နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်တွေပါဝင်နေတယ်လို့ သိရပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော် လှန်ရေးတပ်စခန်းတွေကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်းက မကွေးတိုင်း၊ နတ်မောက်မြို့နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပပနတပ်(ပင်မစစ်လက်နက် ပစ္စည်းတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းကနေ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။