close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ ကသာမှာ ပြည်သူထောင်ဂဏန်း ပိတ်မိနေ

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

မဟာလေးထပ်ဘုန်းကြီးကျောင်း မတ်လ ၂၀ ရက် ဗုံးကြဲခံရပြီးနောက်တွေ့ရပုံ

မတ် – ၂၇ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

ကသာမြို့အနီးတဝိုက်မှာတိုက်ပွဲတွေ ဖြစ်ချိန်ကတည်းက မြို့ပေါ် ဆီ လာရောက်တိမ်းရှောင်ထားကြသူတွေလည်းရှိနေတာကြောင့် လက်ရှိ ခန့်မှန်းခြေ လူ ခြောက်ထောင်နီးပါးပိတ်မိနေတာလို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ကသာမှာ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ( ၃၀၉) ခြေမြန်တပ်ရင်း နားမှာ ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၁၉ ရက်က စတင်ပြီးတိုက်ပွဲဖြစ်တာပါ။

Public Service Announcement

Public Service Announcement

တိုက်ပွဲ မှာ စစ်ကောင်စီတပ်က လေကြောင်းကိုပါသုံးပြီးတိုက်ခိုက်လာသလို မတ်လ ၁၉ ရက်နောက်ပိုင်းမှာလည်း နေ့စဉ်နီးပါး ဗုံးကြဲတာတွေရှိနေပါတယ်။

မြို့တွင်းရပ်ကွက်တွေထဲလည်းလက်နက်ကြီးကျတာတွေကြောင့် နေအိမ်မီးလောင်တာတွေရှိနေတယ်လို့ ကသာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးကဆိုပါတယ်။

လတ်တလောမှာ ဧရာဝတီမြစ်ကမ်းဘေးရှိ ပန်းပဲကုန်းနဲ့ သဖန်းကိုင်းရပ်ကွက်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တချို့မီးလောင်ပျက်ဆီးတာတွေရှိသလို အကျဉ်းဦးစီးဌာန အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။

ကသာမြို့ကို စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မြို့တွင်းက ထိခိုက်ပျက်ဆီးမှုအခြေအနေတွေကိုတော့ အသေးစိပ်မသိရသေးပါဘူး။

ကသာမြို့ပေါ်မှာ စစ်ရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ် ဘုန်းကြီး ကျောင်းကို မတ်လ၂၀ရက်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ တော်တွေ အပါအဝင် စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေ ၊အမျိုးသမီးတွေအပါအဝင် အများအပြားသေဆုံးခဲ့ပါတယ်။

မတ်လ ၂၂ ရက်ညနေပိုင်းကစပြီး စစ်ရှောင်တချို့ မြို့အပြင်ကို ထွက်ခဲ့နိုင်တာရှိပေမယ့် ပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေသလို တိုက်ပွဲတွေကြောင့် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က မဟာမိတ်ဖြစ်ခဲ့တဲ့ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူပြီးနောက် ရှမ်းမြောက် ပြည်ထောင်စုလမ်းပေါ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဂိတ်တွေကိုလည်း ဖယ်ရှားခိုင်းလို့ ဂိတ်တွေဖယ်ရှားသွားပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား မတ်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်း စစ်တပ်က စစ်ကူ​ပေးနိုင်ဖို့ မြေပြင်စစ်ကြောင်း အသေခံဝင်လာပြီး တိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။